Chapter 7.2

6.5K 1K 21
                                    

Unicode

နောက်တစ်နေ့နံနက်စောစော၌ ယွီသုံသည် ပါပါးရှနှင့်ရှဖန်အတွက် ဆန်ပြုတ်ယူဆောင်၍ ဆေးရုံသို့ရောက်လာခဲ့သည်။

မာမားရှ၏ခွဲစိတ်မှုမှာ အောင်အောင်မြင်မြင်ပြီးဆုံးသော်လည်း အထူးကြပ်မတ်ဆောင်၌ နှစ်ရက်ခန့် နေရဦးမည်ဖြစ်သည်။

...

မာမားရှတစ်‌ယောက် အဆင်ပြေသက်သာလာပြ်ီဖြစ်သဖြင့် သာမန်လူနာအခန်းသို့ ပြန်လည်‌ရွေ့‌ပြောင်းရပြီဖြစ်သည်။ထိုအချိန်၌ပင် ယွီသုံသည် ရေဒီယိုအသံလွှင့်ရုံ၌ သူမ၏ပထမဆုံးအလုပ်တက်ရက်ကို စတင်ခဲ့ပြီဖြစ်၏။

သူမ၏အစီအစဉ်မှာ အသစ်ဖြစ်သည့်အပြင် ညလယ်ခေါင်မှသာ ထုတ်လွှင့်သောကြောင့် နားဆင်သူ သိပ်မရှိသေး‌ပေ။ထိုညတွင် ယွီသုံအနေဖြင့် ဖုန်းခေါ်ဆိုမှု တစ်ခါမှလက်ခံမရရှိခဲ့သည့်အပြင် သူမလက်ခံရရှိလာသည့်စာများမှာလည်း သီချင်းတောင်းဆိုမှုများပင်ဖြစ်‌လေသည်။ယွီသုံလည်း ဂရုမစိုက်ဘဲ သူမတင်ဆက်‌ပေးလိုသည်ီ့ချင်းများကို ထုတ်လွှင့်ပြီး သူမစိတ်ဝင်စားသည့် အကြောင်းအရာများကို ပြောဆိုခဲ့သည်။

သူမသည် ‌‌နေ့လည်ဘက်တွင် မာမားရှအား သွားတွေ့၍ ညနေပိုင်း၌ ထုတ်လွှင့်မှုအတွက် အသံသွင်းသည်။ဤသို့ဖြင့် ယွီသုံ၏အချိန်ဇယားသည် ပြောင်းလဲခြင်းမရှိ၊တသမတ်တည်းဖြင့် လဝက်ကုန်ဆုံးသွားလေသည်။

ယနေ့သည် မာမားရှ ဆေးရုံမှဆင်းမည့်နေ့ဖြစ်၏။

မာမားရှမှာ အားနည်းနေဆဲဖြစ်သောကြောင့် ဘေးကင်းစွာဖြင့် ပြန်လည်အားပြည့်လာရန်အတွက် ရှဖန်သည် ဟိုင်နန်၌ ဗီလာတစ်လုံးပြင်ဆင်ထားလေသည်။မာမားရှ ‌ဆေးရုံမှဆင်းချိန်၌ ရှဖန်သည် လက်ဆောင်ပစ္စည်းများအား ထုပ်ပိုးသိမ်းဆည်း၍ မိဘနှစ်ပါးအား ယွီသုံနှင့်အတူ လေဆိပ်သို့ လိုက်ပို့လေသည်။

မာမားရှသည် သားနှင့်ချွေးမဖြစ်သူအား ကြည့်လိုက်မိသည်။အထူးသဖြင့် ချွေးမဖြစ်သူကိုပင်။လဝက်ခန့် သူမနှင့်အချိန်ကုန်ဆုံးပြီးနောက်၌ မာမားရှအနေဖြင့် ယွီသုံအား ပို၍အားရကျေနပ်လာ‌ခဲ့သည်။ယွီသုံအ‌နေဖြင့် လိမ္မာ‌ရေးခြားရှိသည်ကို ယခင်ကတည်းက သူမ ‌တွေးမိသော်လည်း ဆေးရုံ၌လာရောက်၍ အဖော်လုပ်‌‌ပေးသည့်အချိန်မှသာ ချွေးမဖြစ်သူသည် တော်၍ ထက်မြက်လိမ္မာ‌ကြောင်းကို ပို၍ပင် သိရှိလာခဲ့ရသည်။ယွီသုံသည် မပျက်မကွက် နေ့စဉ်‌နေ့တိုင်း သူမဆီသို့လာရောက်‌လေ့ရှိသည့်အပြင် အမြဲလိုပင် သူမတို့လင်မယားအတွက် စားစရာ တစ်ခုမဟုတ်တခုပါလာ‌လေ့ရှိသည်။ထိုမျှမကသေး...ပို၍အရေးကြီးသည့်အရာမှာ ရှဖန်အတွက် ထမင်း(သို့မဟုတ်)ဆန်ပြုတ် ယူလာရန် ယွီသုံဘယ်သောအခါမှ မမေ့ခြင်းပင်ဖြစ်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now