Chapter 34

6.5K 989 24
                                    

Unicode

ယနေ့၌ နေသာလေသောကြောင့် ပန်းခြံငယ်လေးထဲတွင် ဆော့ကစားနေသည့်ကလေးများဖြင့် ပြည့်နှက်‌နေလေသည်။

ရှန်ဟိုင်း၏ရာသီဥတုမှာ များသောအားဖြင့် ထိုကဲ့သို့ပင်ဖြစ်သည်။

ယွီသုံအပြင်ထွက်ရန် ပြင်လိုက်စဉ် ရှဖန်၏အခန်းဆီသို့ လှမ်းကြည့်လိုက်‌သည့် သူမ၏မျက်နှာအမူအရာမှာ နွေးထွေးလှသည်။

ထို့နောက် ယွီသုံသည် ရန်ရှင်းရှင်းကိုကူညီ၍ အသံသွင်းမှုအပြီးသတ်လုပ်ငန်းများအား ဆန်းစစ်ရန် စတူဒီယိုသို့ရောက်လာခဲ့သည်။ထိုစတူဒီယို၌ပင် နေ့လည်စားစားပြီးနောက် အသံလွှင့်ရုံသို့ ထွက်လာခဲ့သည်။

" ဒါရိုက်တာမာ! " ဒါရိုက်တာမာသည် သူမနှင့်စကားပြောဆိုချင်သည်ဟု ကြားသိရသောကြောင့် ယနေ့မွန်းလွဲပိုင်းတွင် အသံလွှင့်ရုံသို့
စ သူမရောက်လာရခြင်းဖြစ်သည်။

" လာလေ ... ယွီသုံ။နေ့လည်စာရော စားပြီးပြီလား? "ဒါရိုက်တာသည် ဖတ်လက်စစာရွက်များကို အောက်သို့ချ၍ ‌သူမအား နူးညံစွာဖြင့် မေးလာသည်။

" စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျွန်မ စားခဲ့ပြီးပါပြီ "

" ကောင်းတာပေါ့။မင်းရဲ့ကျန်းမာရေးကို မင်းက်ိုယ်တိုင်ဂရုစိုက်ရမယ်။မင်းက ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတယ်ဆိုပေမယ့် Mightnight Phantomအစီအစဉ်မှာ Hostစလုပ်ကတည်းက အမြဲနောက်ကျမှအိပ်ရတော့ ပိုပြီးတော့ သေချာဂရုစိုက်သင့်တယ် "ဒါရိုက်တာမာက သူမအား အကြံဉာဏ်ပေးလေသည်။

" ကျွန်မ အဲ့ဒီလိုလုပ်ပါ့မယ်။စိတ်ပူပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် "

" ထိုင်ပြီး စကားပြောကြရအောင် "ဒါရိုက်တာမာသည် သူ၏စားပွဲမှ ထလာပြီး ဆိုဖာပေါ်တွင် ယွီသုံနှင့်အတူ ဝင်ထိုင်လိုက်သည်။" ငါ မနေ့က မင်းရဲ့အစီအစဉ်ကို နားထောင်ခဲ့တယ် "

" ရှင်? "ယွီသုံ အနည်းငယ်အံ့ဩသွားသည်။

" မင်းအစီအစဉ်က တက်ကြွလန်းဆန်းပြီးတော့ အရမ်းအသက်ဝင်တာပဲ!အထူးသဖြင့် Pushkinရဲ့အချစ်ကဗျာကို မင်း အကျယ်ကြီးဖတ်ပြတဲ့အချိန် ငါ့ဇနီးကိုလိုက်ခဲ့တဲ့ အသက်၂၀အရွယ်ကို ပြန်‌ရောက်သွားသလိုပဲ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now