Chapter 17

6.3K 1K 58
                                    

Unicode

အချိန်သည် လျင်မြန်စွာ‌ရွေ့လျားနေသကဲ့သို့ပင်...တစ်လဆိုသောအချိန်မှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ရှန်းရှောင်ယွဲ့၏တိုက်ခန်းတွင် တက္ကသိုလ်တက်စဉ်က သူငယ်ချင်း၃ယောက် ပြန်လည်‌တွေ့ဆုံ‌နေကြသည်။

" အဲ့ဒီအကြောင်းကို နင်စဉ်းစားပြီးပြီလား? "ရှန်းရှောင်ယွဲ့က မေးသည်။

" အင်း...စဉ်းစားပြီးသွားပြီ။ငါ ဒီကလေး‌ကိုမွေးမယ် "မျက်ရည်များ၊ဝမ်းနည်းမှုများဖြင့် ရုန်းကန်ခဲ့ရသည်မှာ တစ်လကြာပြီးသည့်နောက် ရန်ရှင်းရှင်းသည် စိတ်ဓာတ်ခိုင်မာလာပြီး အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသကဲ့သို့ပင်...

" ကလေးလေးကို ငါတို့အတူတူ ပြုစုပျိုးထောင်ကြတာပေါ့ "ကိုယ်ဝန်ဖျက်ချမည်ကို မလိုလားသည့် ယွီသုံမှာ ရန်ရှင်းရှင်းအား ထောက်ခံပြောဆိုလေသည်။

" ဟုတ်တယ်...သူ့ကို အ‌ကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးကြရအောင် "အစက ကလေး၏ဖခင်ဖြစ်သူမှာ ယုတ်မာရိုင်းစိုင်းသည့်အပြင် ရှင်းရှင်းသည် ကလေးနှင့်အတူ အလွန်ဒုက္ခရောက်ခဲ့ရသာ‌ကြောင့် ရှန်းရှောင်ယွဲ့သည် ကလေးကို မလိုလားခဲ့ပေ။ယခု၌မူ သူမသည် ရှင်းရှင်း၏ဆုံးဖြတ်ချက်ကို အပြည့်အ‌၀ထောက်ခံကာ သဘောတူလေ‌တော့သည်။

" မှတ်ပုံတင်စာရင်းသွင်းရမယ်ဆိုတဲ့အချိန်ကျရင် အနှောင့်အယှက်ဖြစ်နေလိမ့်မယ် "

" စိုးရိမ်စရာမရှိပါဘူး။မှတ်ပုံတင်ဌာနမှာ ငါနဲ့သိတဲ့သူရှိပါတယ် "

" နောက်ထပ်ရည်းစားဟောင်းလား? "ယွီသုံ မျက်ခုံးပင့််ကာ မေးလိုက်၏။

" နင် ဘာတွေပြောနေတာလည်း?အသက်ကြီးပြီဟဲ့! "ရှန်းရှောင်ယွဲ့ စိတ်ဆိုးသွားသည်။" ငါ ဘယ်သူနဲ့မှ မတွဲတာ ၃နှစ်ရှိပြီ "

သူမ၏စကား‌ကြောင့် ယွီသုံ‌ရော ရန်ရှင်းရှင်းပါ ရယ်ကြလေသည်။

" ဒါနဲ့ နင် ကလေးမွေးရင် မြို့တော်ဆေးရုံမှာ မွေးသင့်တယ်...သုံသုံရဲ့ချစ်သူကလည်း အဲ့ဒီမှာ အလုပ်လုပ်‌နေတာ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Waar verhalen tot leven komen. Ontdek het nu