Chapter 46

5.6K 863 38
                                    

Unicode

ယွီသုံ၏အေးစက်စက်မျက်ဝန်းတို့ကြောင့် ရှဖန်နှလုံသားတစ်ခုလုံး တင်းကျပ်သွားသည်။ရုတ်တရက် အန်အန်းပေါ်ပေါက်လာမှုနှင့်အတူ ကမောက်ကမအခြေအနေ၌ ရုတ်တရက် အနည်းငယ်လှုံ့ဆော်ပေးလိုက်သလို ခံစားရသည်။

" သုံသုံ...ဒီကိုလာဦး "ရှဖန်လက်မြှောက်၍ သူမကိုခေါ်လိုက်သည်။

ယွီသုံ ခဏရပ်လိုက်ပြီးနောက် ရှဖန်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာလိုက်သည်။

" မင်းကို မိတ်ဆက်ပေးမယ်...ဒါက "

ရှဖန် စကားမ‌ဆုံးသေးခင် အန်အန်းက လက်ဦးမှုရယူ၍ ယွီသုံဆီသို့ လက်ကမ်းပေးကာ ရှဖန်မိတ်ဆက်ပေးမှုကို ကြားဖြတ်၍ပြော‌လေသည်။" ဟယ်လို...ကျွန်မက အန်အန်းပါ။ရှဖန်ရဲ့... "

" ရည်စားဟောင်း? "ယွီသုံကလည်း လက်ဆန့်ထုတ်၍ လက်ဆွဲနှုတ်ဆက်ရင်း အန်အန်းကိုဖြတ်ပြောလိုက်သည်။

ယွီသုံ၏အပြုအမူကြောင့် အန်အန်း အံ့အားသင့်သွားပြီး  အနေရခက်စွာဖြင့် ပြုံးလိုက်သည်။" ကြည့်ရတာ ရှဖန်က ကျွန်မအကြောင်း ရှင့်ကို ပြောပြထားပုံရတယ် "

" ဒါပေါ့ "ရှဖန်ကိုလှည့်ကြည့်လိုက်ပြီးနောက် ယွီသုံ‌ဆက်ပြောလေသည်။" ကျွန်မတို့စတွေ့တဲ့နေ့ကတည်းက ရှင့်အကြောင်းကို ကျွန်မသိပါတယ် "

ထိုစကားကြောင့် အန်အန်း၏မျက်နှာ သုန်မှုန်သွားပြီး ရှဖန်ကိုလှမ်းကြည့်ကာအင်တင်တင်ဖြင့် ပြောလာသည်။" ကလေးနဲ့ပတ်သတ်ပြီး လုပ်စရာလေးတွေရှိလို့ ကျွန်မအရင်သွားနှင့်တော့မယ် "

" ကောင်းပြီ "ရှဖန် ခေါင်းငြိမ့်ပြလိုက်သည်။

သူမတို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားသည်ကိုကြည့်ကာ ပြုံးလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။

ဒီတစ်ကြိမ် သူမအနိုင်ရလိုက်ပြီဟု ယွီသုံတွေးနေဆဲ၌ပင် အန်အန်းသည် ရုတ်တရက် ပြန်လှည့်လာကာ ရှဖန်အား ပြောလေသည်။" ဟုတ်သား...ကျွန်မရဲ့လုပ်‌ဖော်ကိုင်ဘက်‌တွေက ကျွန်မအတွက် ကြိုဆိုပွဲလုပ်ထားကြတယ်။ရှင်လည်းပြန်ရောက်လာပြီဆိုတော့ အားတယ်ဆိုရင် ဒီနေ့ည လာခဲ့ဦးလေ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now