Chapter 14

6.8K 1K 42
                                    

Unicode

ယွီသုံသည် ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားပြီး တီဗွီအသံလွှင့်ရုံ‌ရှေ့တွင် ရပ်‌စောင့်ရင်း ရှန်းရှောင်ယွဲ့နှင့် ဖုန်းပြောနေလေသည်။" ငါ အခု ‌ရောက်‌နေပြီ..."

" လုပ်စမ်းပါ သုံသုံရဲ့...အရမ်းစိတ်လှုပ်ရှားမနေနဲ့။ငါ နင့်ကို ယုံကြည်တယ် ! "

" ဟုတ်ပါပြီ...ဟုတ်ပါပြီ...ငါ သေချာပေါက်ရမှာပါ! "

ဘာကို စိတ်လှုပ်ရှားရမှာလည်း?ငါ ပြန်မ‌မွေးဖွားခင်တုန်းက မီလီယံသန်းချီတဲ့ ‌သဘောတူစာချုပ်တွေအများကြီး လက်မှတ်ထိုးနိုင်ခဲ့တာကို ဒီလိုမျိုး ရုပ်ရှင်အသံသွင်းဖို့ သဘောတူစာချုပ်လေးက ဘယ်လိုလုပ်ပြီး ငါ့ကို စိတ်လှုပ်ရှားစေနိုင်မှာလည်း?

ယနေ့မနက်စောစော၌ ရှန်း‌ရှောင်ယွဲ့၏အ‌နှောင့်အယှက်ပေးမှုကြောင့် ယွီသုံနိုးထလာခဲ့ရသည်။‌ရှန်းရှောင်ယွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ပင်ပင်ပန်းပန်းအလုပ်လုပ်ရင်း ဟောလိဝုဒ်ရုပ်ရှင်၏တရုတ်ဗားရှင်းတွင် အသံသွင်းခွင့်ရရှိရင် အပြင်းအထန်ကြိုးစားခဲ့သည်။

‌ထိုဒါရိုက်တာများသည် များသောအားဖြင့် အလွန်အလုပ်များသော်လည်း ရှန်းရှောင်ယွဲ့ကမူ ထိုသူများ ကြော်ငြာအစီအစဉ်ပြုလုပ်မည့် တီဗွီအသံလွှင့်ရုံတွင် ယနေ့နံနက်၁၁နာရီ၌ တွေ့ဆုံနိုင်ရန်အတွက် မရရအောင်ချိန်းဆိုနိုင်ခဲ့သည်။

သို့သော် ရှောင်ယွဲ့သည် ကံ‌မကောင်းစွာဖြင့် ဆေးရုံတက်လိုက်ရသောကြောင့် ချိန်းဆိုမှုသို့ မသွားရောက်နိုင်ပေ။ထို့ကြောင့် ယွီသုံဆီသို့ အရေးတကြီးဖုန်းခေါ်၍ ချိန်း‌ဆိုထားမှုသို့ သွားရောက်ပေးရန် တောင်းဆို‌လေ‌တော့သည်။

" ရှောင်ယွဲ့စတူဒီယိုက မစ္စစ်ယွီလားမသိဘူး? "ထိုစဉ် အသစ်အလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ယွီသုံအား လာရောက်မေးမြန်းလေသည်။

" ဟုတ်ကဲ့...မင်္ဂလာ‌ပါ! "ယွီသုံ lobby၌‌စောင့်ဆိုင်းနေစဉ် ထိုအမျိုးသား ရောက်လာသည့်အခါ၌ မတ်တပ်ရပ်၍ ယဉ်ကျေးစွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။" ရှင်က ဂျက်လားဟင်? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now