Chapter 2.2

8.4K 1.1K 16
                                    

Unicode

(အချစ်ဟောင်းအား မီးမြိုက်ပစ်ခြင်း)

" ခဏ! " ရှောင်တိမ်းသွားသည့်ရှဖန်အား ယွီသုံ ကတိုက်ကရိုက် အော်ဟစ်ခေါ်လိုက်သည်။

" ဘာဖြစ်လို့လည်း? "ရှဖန်မေးလိုက်၏။

" ယောက်ျား! "ယွီသုံလည်း သူမ၏ဆွဲဆောင်မှုရှိ‌သည့်အသံဖြင့် အော်ခေါ်လိုက်ပြန်သည်။" ကျွန်မမှာအိမ်‌သော့မရှိဘူးလေ။ရှင်ကလည်းအပြင်ထွက်သွား‌တော့ ကျွန်မပြန်လာတဲ့အခါကျရင် ဘယ်လိုလုပ်ရမှာလည်း? "

ရုတ်တရက်' ယောက်ျား 'ဟု အခေါ်ခံလိုက်ရသည့်ရှဖန်မှာ ချက်ချင်းပင် အစာအိမ်နာလာသလို ခံစားရလေသည်။တံခါးဘေးရှိ
အံဆွဲထဲမှ သော့အပိုတစ်ချောင်းထုတ်ယူလိုက်ပြီး သူမအား
ကမ်းပေးလိုက်သည်။" ယွီသုံ.....မင်း ငါ့ကို ယောက်ျားလို့မခေါ်ဘဲ နာမည်ပဲခေါ်ပါလား "

" ဘာဖြစ်လို့လည်း?ရှင်မကြိုက်လို့လား? "

ရှဖန် ပြန်မဖြေသော်ငြားလည်း သူ၏မျက်နှာအမူအရာသည် သူ၏ အတွေးတို့အား ‌ဖော်ပြ‌နေလေ၏။

" ကောင်းပြီ...ကောင်းပြီ "

ထိုအခါမှ ရှဖန် ရုတ်တရက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

" ရှင်တို့အင်ဂျင်နီယာတွေက အရမ်းပျင်းဖို့ကောင်းတာဘဲ "

" ငါ ဆေးပညာသင်ခဲ့တာပါ "

" ဘာဖြစ်ဖြစ်ပေါ့!! "

" ငါသွားပြီနော် "ရှဖန်လည်း ယွီသုံနှင့်ထပ်၍ မငြင်းခုံချင်တော့သည့်အပြင် ထိုနေရာ၌ အချိန်‌အတော်ကြာအောင် ရပ်နေရန် စိတ်ကူးမရှိသည့်အတွက် တံခါးကိုဖြတ်၍ ရေးကြီးသုတ်ပြာပြေးသွားလေ‌တော့သည်။

ယွီသုံတစ်ယောက် ရှဖန်အလျင်အမြန်ပြန်ထွက်သွားသည်ကို ရယ်မောရင်းကြည့်ကာ သော့အားအိတ်ထဲသို့ထည့်လိုက်ပြီးနောက် အိမ်မှ
ထွက်ခွာလာခဲ့သည်။

ယ‌နေ့မနက် ခရီးဆောင်အိတ်ကို ဖွင့်လိုက်သည့်အခိုက် သူမ၏မှတ်ဉာဏ်အဟောင်းများကို သတိရလာစေသည့် စာရွက်စာတမ်းကို ယွီသုံ‌တွေ့ခဲ့ရသည်။

ယွီသုံသည် ယခင်ဘဝက အရောင်းပိုင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်။ရာထူးကြီးကြီးထိရောက်ရှိခဲ့ပြီး အောင်မြင်သည့်လုပ်ငန်း
ဖြစ်ခဲ့သော်လည်း သူမသည် အမြဲလိုပင် ရေဒီယိုအသံလွှင့်ဌာန၌
အစီအစဉ်မှူးဖြစ်ချင်ခဲ့‌လေသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now