Chapter 10.2

6.6K 1K 40
                                    

Unicode

မြို့တော်ဆေးရုံ၏ ရုံးခန်းတစ်ခုထဲတွင် ရုတ်တရက် ရယ်‌မောလိုက်သည့်အသံသည် အခန်းတစ်ခုလုံး ပြည့်လျှံသွားလေ၏။

ရှောက်ရိဖန် မျက်ရည်များကိုသုတ်ရင်း ပြောလိုက်သည်။" အား...ဒီတင်ဆက်သူကို သဘောကျလိုက်တာ...ငါ့အမြင်နဲ့ဆိုရင်တော့ သူရဲကောင်းက ပစ်မှတ်ကို ထိသွားသလိုပဲ! "

" ... "

" ဒီအချိန်မှာ ရေဒီယိုနားထောင်တာက မင်းအတွက် ထူးဆန်း‌နေလိမ့်‌မယ်ဆို‌ပေမယ့် ငါကတော့ သဘောကျတယ်။အနာဂတ်မှာလည်း သူမ တင်ဆက်တာတွေကို သေချာပေါက် နားထောင်ဦးမှပဲ။ဒီ‌နေ့ည နားထောင်လိုက်ရုံနဲ့ကို တစ်ပတ်စာ ရယ်မောဖို့ရာအတွက် လုံလောက်သွားသလိုပဲကွာ "

" ရယ်လို့ ဝပြီလား? "

" မ၀သေးဘူး...အဲ့ဒီအကြောင်းစဉ်းစားလိုက်တိုင်း ရယ်ချင်နေတုန်းပဲ။အဲ့ဒီတင်ဆက်သူမှာ ထူးခြားတဲ့ အရည်အသွေးတွေရှိတယ်။အခုခေတ် ရေဒီယ််ိုတင်ဆက်သူအများစုက‌ရော၊တီဗွီတင်ဆက်သူအချို့‌တွေရောက အနှစ်သာရမရှိတဲ့ စကားတွေ ပြောကြတာများတယ်။ငါကတော့ Fish Jellyလို အမှန်တရားကို‌ ‌ပြောရဲတဲ့ပုံစံမျိုးကို သဘောကျတယ် "

ရှဖန် တိတ်ဆိတ်နေဆဲပင်။

" ဒီတင်ဆက်သူကိုတော့ ဒါရိုက်တာကိုယ်တိုင်က သေချာပေါက် အလုပ်ဖြုတ်ပစ်ချင်နေလိမ့်မယ်။ဒါနဲ့ သူ့နာမည်ကို ငါ တော်တော်လေးရင်းနှီး‌နေတယ်...သူ့နာမည်ကFish Jelly(ယွီသုံ)တဲ့။မင်း မိန်းမနာမည်နဲ့လည်း ဆင်တယ်နော် "

ရှဖန် အသက်မပါစွာဖြင့် ရှောက်ရိဖန်ကို လှမ်းကြည့်လိုက်သည်။

" မဖြစ်နိုင်ဘူးမလား? "ရှောက်ရိဖန် အံ့ဩသွားသည်။" သူက တကယ်ကြီး မင်းမိန်းမလား? "

" မင်းက ဘယ်လိုထင်လို့လည်း? "ယွီသုံ၏‌ဘေးကင်းမှုကိုစိုးရိမ်ပူပန်သောကြောင့် သူမ အသံလွှင့်ရုံသို့ ဘေးကင်းစွာ ရောက်မရောက် သိရှိရန်အတွက်  ရှဖန်သည် ညသန်းခေါင်ယံတွင်လည်း ရေဒီယိုဖွင့်ထားတတ်သည့် အလေ့အကျင့်ရရှိခဲ့သည့်အပြင် မနက်၃နာရီခန့်တွင် သူမအိမ်သို့ ချောချော‌မွေ့‌မွေ့ပြန်ရောက်မရောက်သိရှိရန် စာပို့၍ မေးမြန်း‌လေ့လည်းရှိလာခဲ့သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now