Chapter 58

8K 922 17
                                    

Unicode

ရေဒီယိုအသံလွှင့်ရုံ၌

ဒါရိုက်တာမာသည် သူ၏ရုံးခန်းသို့ရုတ်တရက်ရောက်လာသည့် ယွီသုံကိုကြည့်ကာ ကသိကအောက် ဖြစ်နေပြီး မယုံနိုင်စွာဖြင့် မေးလာလေသည်။" မင်း...မင်းက မီးဖွားခွင့်အတွက်ပြော‌နေတာလား? "

" ဟုတ်ကဲ့...ဒါရိုက်တာမာခွင့်ပြုမယ်လို့ ကျွန်မ မျှော်လင့်ပါတယ် " ယွီသုံ အနည်းငယ်ရှက်ရွံ့သလို ခံစားနေရသည်။" အစီအစဉ်က ပိုပြီးလူသိများအောင်မြင်လာတဲ့အချိန်မှာ ဒီကိစ္စကိုပြောရတာ တာဝန်မဲ့သလိုဖြစ်မှန်း ကျွန်မသိပါတယ်။ဒါပေမယ့် ရှင်စိတ်ချပါ...နောက်လူတစ်ယောက် ရှာပြီးတဲ့အထိ ကျွန်မသည်းခံပြီး လုပ်ပေးပါ့မယ် "

" အဲ့လိုမဟုတ်... "ဒါရိုက်တာက လက်ခါရမ်းလိုက်သည်။" မင်း လက်ထပ်ပြီးပြီလား?ငါက ဘာလို့မသိရတာလည်း?မင်း ဘွဲ့ရပြီးပြီးချင်း ငါတို့အသံလွှင့်ရုံကို လာခဲ့တာ မဟုတ်ဘူးလား? "

" ကျွန်မ လက်ထပ်ပြီး နောက်တစ်ရက်မှာပဲ အသံလွှင့်ရုံကို ရောက်လာခဲ့တာပါ။ဒါပေမယ့် မင်္ဂလာပွဲကတော့ မကျင်းပရသေးပါဘူး "ယွီသုံပြုံး၍ ရှက်ကိုးရှက်ကန်းဖြင့် ဖိတ်ကြားလိုက်သည်။" ရှင့်မှာ အချိန်ရှိရင် လာခဲ့ပါဦး "

" စစချင်း ဘာလို့မပြောခဲ့တာလည်း?မင်းက လပ်ထပ်ပြီးခါစမှန်းသိရင် ညသန်းခေါင်အချိန်ကို မပေးခဲ့ပါဘူး "ဒါရိုက်တာမာက အံ့အားသင့်သွားသည်။

ယွီသုံလည်း ရယ်ရုံသာရယ်နေလိုက်ပြီး ဘာမြှပန်မပြောတော့ပေ။

" ‌ကောင်းပြီ ... "ဒါရိုက်တာမာက ဆက်‌မပြောခင် အနည်းငယ်တုန့်ဆိုင်းနေလေသည်။" ငါ မင်းကိုပြောချင်ပေမယ့် အဆုံးသတ်မရောက်သေးလို့ မပြောခဲ့ရတာ...အခု မင်းက ကိုယ်ဝန်ရှိနေပြီဆိုတော့ လက်ဆောင်အနေနဲ့ ကြိုပြီး‌ပြောလိုက်ပါ့မယ် "

" ဒါရိုက်တာ ဘာကိစ္စလည်းဟင်? "

" မင်း ' Midnight Phantom 'ကို စတင်ခဲ့ပြီးကတည်းက နားထောင်နှုန်းက တဖြည်းဖြည်းချင်းပိုမြင့်လာခဲ့တယ်။မင်းက အခုဆို ငါတို့ရဲ့golden aceဖြစ်နေပြီ "ဒါရိုက်တာမာက ဆက်ပြောလေသည်။" အထူးသဖြင့် မနှစ်က ဟိုင်ဝေးလမ်းမပေါ်က ယာဉ်တိုက်မှုမှာ လူတွေအများကြီးကို မင်း ကယ်တင်နိုင်ခဲ့တယ်။ငါတို့ရဲ့မြို့တော်ဝန်ကတောင်မှ မင်းကို နာမည်တပ်ချီးကျုးခဲ့ပြီးတော့ အခြား အန္တရာယ်ရှိတဲ့ နားထောင်သူတွေကိုလည်း မင်းက ကောင်းကောင်းကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တယ်။မင်းက အရမ်းအရေးပါတာပဲ! "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Donde viven las historias. Descúbrelo ahora