Chapter 9.1

6.5K 961 11
                                    

Unicode

ဆေးရုံ၏အစည်းအ‌ဝေးခန်း အပြင်ဘက်

" ရှဖန် မင်းရဲ့တင်ပြချက်က တော်တော်လေး‌ကောင်းတာပဲ။ဆေးရုံဘက်က ဒါကို ဂရုတစိုက်နဲ့ သေချာ‌ဆုံးဖြတ်ဖို့လိုတယ် "ဒေါက်တာကူဝီက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလာခဲ့သည်။

" ကျေးဇူးတင်ပါတယ် ဥက္ကဌကြီး "

" အမေရိကန်က ကျွမ်းကျင်သူနှစ်ယောက်ကလည်း ကျုမာအတွက် မင်းရဲ့ကုသမှုကို စိတ်ဝင်စားကြောင်းပြနေကြပြီးတော့ ငါတို့ဆေးရုံနဲ့ အလုပ်အတူတူတွဲလုပ်ဖို့ကိုလည်း စိတ်ဝင်စားတယ်လို့ ‌ပြောနေကြတယ် "

" ဥက္ကဌကြီး...ကျွန်တော် ဆက်ပြီးတော့ ကြိုးစားပါ့မယ် "

" လူငယ်တွေက တကယ်ကို ခွန်အားအပြည့်နဲ့တက်ကြွကြတာပဲ! "

ထိုအချိန် ကော်ရစ်တာထောင့်၌ပုန်းနေသည့် ရှောက်ရိဖန် ထွက်လာကာ ဒေါက်တာကူဝီ‌ပြောသွားသည့်စကားများအပေါ် လိုက်လံတုပပြောဆိုနေလေသည်။" လူငယ်တွေက တကယ်ကို ခွန်အားအပြည့်နဲ့တက်ကြွကြတယ်။ဥက္ကဌကူဝီက မင်းကို တအားမြှောက်နေတာပဲ။မင်းရဲ့အလုပ်က ဒီတစ်ခါ‌တော့ အဆင်ပြေ‌ပြေထွက်လာမယ့်ပုံပေါ်တယ်"

" မနေ့က မင်း ဘာလုပ်နေတာလည်း? "

" မနေ့က ငါ ကာရာအိုကေသွားဆိုတော့ အဲ့မှာအရမ်းဆူနေတာနဲ့ မင်း ဖုန်း‌ခေါ်တာကို မကြားလိုက်မိဘူး။ငါ မင်းကို ဖုန်းပြန်ခေါ်တော့လည်း အကူအညီမလိုတော့ဘူးလို့ မင်း ‌ပြောတယ်လေ "မနေ့က ရှဖန်ဖုန်းခေါ်လာသည့်အချိန်တွင် အဆင်မပြေသဖြင့် ဖုန်းမကိုင်လိုက်မိဘဲ ညရောက်မှသာ ရှဖန်က အကူအညီတောင်းထားသည့်စာကို မြင်လိုက်ရသည်။" ဒါပေမယ့်လည်း မင်း အခု အချိန်မှီပြီးသွား‌အောင် လုပ်နိုင်တယ်လေ "

" ယွီသုံသာ မကူညီရင် ငါ ပြီးမှာမဟုတ်လောက်ဘူး "

" တကယ်လား? "ယွီသုံကူညီသည်ဟု ကြားသည့်အခါ ရှောက်ရိဖန် အံ့ဩသွားသည်။" သူက ‌ဆေးပညာအကြောင်း သိလို့လား? "

" သူက ငါ့ရဲ့အချက်အလက်တွေကို ကူပြီးတော့ အင်္ဂလိပ်လိုဘာသာပြန်ပေးတယ်လေ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now