Chapter 21

6.1K 1K 80
                                    

Unicode

ဘတ်စ်ကားပေါ်မှ ဆင်းသည့်အခါ ယွီသုံသည် ရန်ရှင်းရှင်း၏လက်ကို တွဲကိုင်လိုက်သည်။

" အဆင်ပြေပါတယ် သုံသုံရဲ့...ငါရဲ့ကိုယ်ဝန်က အခုမှ ၅လလောက်ရှိသေးတာကို အရမ်းကြီးစိုးရိမ်ဖို့ မလိုပါဘူး "

" နင့်ရဲ့ဗိုက်က ဘယ်လောက်တောင် ကြီးနေလည်းဆိုတာ ကြည့်ပါဦး "အကယ်၍ ရှင်းရှင်းသည် မိန်းကလေးမွေးဖွားမည်ကို ယွီသုံမသိပါက သူမသည် အမြွာကိုယ်ဝန်ဆောင်ထားသည်ဟု ထင်မိမှာ အမှန်ပင်ဖြစ်သည်။

" ကလေးက နည်းနည်းထွားတယ်တဲ့! "

" ထွားတဲ့ကလေးတွေက အစားကြီးတယ်လို့ ငါကြားဖူးတယ်...ရှန်းရှောင်ယွဲ့‌ပြောတာ‌တော့ သူအိပ်ပျော်နေတဲ့အချိန်ဆိုရင် နင် ‌အောက်ထပ်မှာ အစားတွေ လှိမ့်စားနေတယ်ဆို...နောက်ဆုံးတစ်ခေါက် ငါတို့သွားစစ်ဆေးတုန်းက ‌မွေးဖွားဖို့အတွက် ကလေးကအရမ်းထွားနေတယ်လို့ ဆရာဝန်က ပြောလိုက်တယ်နော်။နင် ကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့ လိုနေပြီ "

" ငါ အဆင်ပြေပါတယ် "

" သဘာဝအတိုင်းမွေးတာက ကလေးရဲ့ကျန်းမာရေးကို ကောင်းစေတယ်လို့ ဆရာဝန်ကမပြောဘူးလား? "အကယ်၍ ရှန်းရှောင်ယွဲ့သာ အတူတူရှိလျှင် ခွဲစိတ်၍‌မွေးဖွားခြင်းသည် အနာရွတ်ကျန်လိမ့်မည်ဟုဆိုကာ ယွီသုံ၏စကားကို သေချာပေါက် ထောက်ခံပေလိမ့်မည်။

" အေးပါ...ငါ အစားကိုလျော့စားပါမယ် "

သူမတို့လည်း စကားပြောရင်း ဓာတ်လှေကားထဲသို့ဝင်၍ ၅ထပ်မြောက်ရှိ ကလေးပစ္စည်းဆိုင်သို့ တက်လာခဲ့ကြသည်။ထို့နောက် ဆိုင်ထဲ၌ လှည့်ပတ်ကြည့်ရင်း ရန်ရှင်းရှင်းက သူမ၏ အနားသို့ကပ်ကာ ‌ပြော‌လာခဲ့သည်။" ကလေးပစ္စည်းတွေက ဘာလို့ ဒီ‌လောက်‌ဈေးကြီးရတာလည်း? "

မြင့်မားလှသည့်‌ဈေးနှုန်းကြောင့် ယွီသုံသည်ပင် အနည်းငယ်အံ့ဩသွားရသည်။

"‌ရေဘူး အရင်ဝယ်ကြရအောင်! "

ရန်ရှင်းရှင်းသည် ဈေးကြီးသည့်ရေဘူးအားယူ၍ ဈေးဝယ်ခြင်းထဲသို့ ထည့်လိုက်ပြီးနောက် ခြင်းထဲမှပစ္စည်းတစ်ခုကို ပြန်ထုတ်လိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now