Chapter 54

5.5K 893 22
                                    

Unicode

ရန်ရှင်းရှင်း ဆေးရုံမှဆင်းပြီး ၁လကြာသောအခါ ယ်ွီသုံသည် ရှန်းရှောင်ယွဲ့စတူဒီယို၏ ယမန်နှစ်မှ အလုပ်ကြွေးများကို ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ကိုယ်ဝန်မှ အကျိုးဆက်‌ကြောင့် ရန်ရှန်းရှင်းသည် ဖောင်းဖောင်းမို့မို့ဖြစ်နေဆဲဖြစ်သော်လည်း အသားအရေပိုကောင်းလာကာ မျက်နှာမှာလည်း နူးညံ့နေပြီး ခေါင်းလောင်းလေးနှင့် နှိုင်းယှဉ်၍ပင် ရလေသည်။

" ကလေးရလာတာက နင့်ရဲ့အသားအရေကို အများကြီးပိုကောင်းလာစေတာ မြင်ရတော့ ငါလည်း တစ်‌ယောက်လောက်လိုချင်လိုက်တာ "ရှန်းရောင်ယွဲ့သည် ရန်ရှင်းရှင်းကို မြင်သည့်အချိန်တိုင်း ထိုသို့ပြောလေ့ရှိသည်။

" ဒါဆိုလည်း တစ်ယောက်လောက်မွေးလိုက်လေ "ထိုသို့ပြောပြီး ရန်ရှင်းရှင်း ရယ်လေသည်။

" မေးခွန်းကြီးကလည်း?...ဘယ်သူနဲ့မွေးရမှာလည်း? "

" ချင်ယွဲ့? "ယွီသုံက ဝင်၍အကြံပြုလေသည်။

" နင် သူ့ကို‌ထည့်စဉ်းစားရတဲ့ အကြောင်းအရင်းက ဘာလည်း? "ချင်ယွဲ့နာမည်ကြားလိုက်ရသည့်အခါ ရှန်းရောင်ယွဲ့၏အမူအရာသည် ရွဲ့မဲ့သွားလေသည်။

" ကြည့်ရတာ သူ့ကို အခုထိဖမ်းမမိသေးဘူး ထင်တယ် "ယွီသုံ စိတ်မကောင်းဟန်ဖြင့် ခေါင်းခါရမ်းလိုက်သည်။

" ငါပြောမယ်...နင်တို့ ငါ့ကို ဘာလို့ သူနဲ့အတူ အတင်းရှိစေချင်နေကြရတာလည်း? "ရှန်းရောင်ယွဲ့သည် ထိုမေးခွန်းကို မေးချင်နေခဲ့သာ်မှာ ကြာလှပြီဖြစ်သည်။ချင်ယွဲ့သည် ရှန်းရောင်ယွဲ့ကိုလိုက်နေကြောင်း ယွီသုံသိကတည်းကသူမ၏သဘောထားသည် ' လုံးဝသဘောတူလေသည် "...ချင်ယွဲ့အား အကြံပြုချက်များနှင့် အကြံဉာဏ်အများအပြားကိုပေးလေသည်။

" ငါကတော့ သဘောကျပါတယ် "ယွီသုံက ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

" သူက ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလည်း?ငါနဲ့လည်း ဘယ်လိုလုပ်ထိုက်တန်မှာလည်း? "ရှန်းရောင်ယွဲ့က ငြင်းဆိုလေသည်။

" သူက ချောမောပြီး သန်မာကြံ့ခိုင်တယ်လေ "ရန်ရှင်းရှင်းကလည်း ဝင်‌ပြောလာသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now