Chapter 57

5.9K 881 30
                                    

Unicode

စ်ပတ်ခန့်စောင့်ဆိုင်းပြီးသည့်နောက် ယွီသုံ ရွေ့ဆိုင်းမနေတော့ဘဲ ရှဖန်နှင့်အတူ ဆေးရုံသို့လိုက်၍ တစ်ခါတည်းသိရှိရန် ဆုံးဖြတ်လိုက်သည်။

သားဖွားမီးယပ်ဌာနရှိ ဒါရိုက်တာလီသည် သူ၏အရှေ့မှ ဂနာမငြိမ်ဖြစ်နေသည့် လူငယ်စုံတွဲလေးကို ကြည့်လိုက်ပြီး ၎င်းတို့နှစ်ယောက်ကို ပြောလိုက်သည်။" မင်းတို့ တစ်ကယ်စိတ်‌စော‌နေကြရင်လည်း မင်းတို့ကိုရလဒ်ကို အရင်ဦးစားပေးဖို့ ငါ သူတို့ကိုပြောလိုက်မယ်လေ "

" မဟုတ်ပါဘူး! "ရှဖန်သည် အနည်းငယ်စိုးထိတ်နေသော်လည်း သူ၏လုပ်ဖော်ကိုင်ဖက်များကို မနှောင့်ယှက်လိုပေ။

" ငါရဲ့နှစ်‌ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရဆိုရင် မင်းရဲ့ဇနီးက သေချာပေါက် ကိုယ်ဝန်ရှိနေပါပြီကွာ "ဒါရိုက်တာလီက ရယ်လိုက်သည်။" ပြီးတော့ ငါ ဘယ်သူ့ကိုမှ ဒီလိုပြောတာ မဟုတ်ဘူး "

" တ..တကယ်လားဗျ...? "ရှဖန်နှင့်ယွီသုံသည် မယုံနိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" မင်း ငါ့ကို ဒီလိုမေးလာတော့ ငါတောင် စိတ်လှုပ်ရှားလာပြီ "ရှဖန်၏အလွန်အကဲ‌ဖြစ်နေသည့်အမူအရာကို မြင်ရသောအခါ ဒါရိုက်တာလီက အနည်းငယ် မသေမချာဖြစ်လာသည်။" စစ်ဆေးချက်ရလဒ်ကို စောင့်ဆိုင်းသင့်တယ်လို့ ငါထင်တယ် "

" ရှဖန်...ကျွန်မတို့ အပြင်ကနေ စောင့်သင့်တယ်။ဒါရိုက်တာလီက တခြားလူနာတွေကို ဆက်ကြည့်ရမယ်လေ "ရှဖန်၏ လက်ကို လှမ်းဆွဲ၍ ယွီသုံပြောလိုက်သည်။

" မစ္စစ်ရှ...အဲ့ဒီအတွက်တော့ စိတ်ပူမနေပါနဲ့ဗျာ...ဒီနေ့ကျွန်တော့်မှာ အခြားလူနာကြည့်စရာမရှိဘူးဗျ "ဒါရိုက်တာလီက ရှဖန်ကို လက်ညှိုးထိုးပြပြီး ရယ်လေသည်။" ဒီကောင်လေးက မနက်အစောကြီး ကျွန်တော့်ကို ဖုန်းခေါ်လာလို့ ဂျုတီချိန်မတိုင်ခင် ဆေးရုံရောက်လာခဲ့ရတာလေ။‌ဆေးဆိုင်က‌နေ ဆီးစစ်တံဝယ်ပြီး စစ်ကြည့်ဖို့ ပြောပေမယ့် ရလဒ်က မတိကျမှာကို သူက စိုးရိမ်နေပြီးတော့ သားဖွားမီးယပ်ဌာနရဲ့ဒါရိုက်တာကို ကိုယ်ရေးကိုယ်တာအရ ရောက်လာပေးဖို့ ပြောတယ်လေ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now