Chapter 18

6.2K 958 17
                                    

Unicode

သဖန်းပိုးစာပင်မှအရွက်များလည်း ဆောင်းဦးတွင် တိုက်ခတ်သည့်‌လေ‌အေးများ‌ကြောင့် ကြွေကျကုန်ကျ‌လေပြီ...ပူလောင်လှသည့် ‌နွေရာသီမှာလည်း နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

လှပသည့်စကတ်များနေရာတွင် လေကာအင်္ကျီများကနေရာယူလာပြီး ကြိုးသိုင်းဖိနပ်များနေရာတွင် ဘွတ်ဖိနပ်များက အစားထိုး‌ပြောင်းလဲလာကြသည်။

စတီဖင်၏ဇာတ်ကား ထုတ်လွှင့်ပြီးသည့်အချိန်မှစ၍ ရှောင်ယွဲ့၏စတူဒီယိုသည် ထိုအသိုင်းအဝိုင်း၌ ပို၍နာမည်ရလာသည်။ရှောင်ယွဲ့၏ဆက်သွယ်ရေးကျွမ်းကျင်မှုကြောင့် သူမတို့တက္ကသိုလ်ရှိ ကျွမ်းကျင်သူနတ်ဘုရားတော်တော်များများမှာလည်း စတူဒီယို၌ နေရာရယူရန် လာရောက်မေးမြန်းကြသည်။

" ယွီသုံ...နင်ရောက်ပြီလား? "

" ငါအခုလေးတင်ရောက်ပြီ...နင်က ဘာလို့ အရမ်း‌လောနေရတာလည်း? "

" ဒါနဲ့ နင့်ရဲ့ယာဉ်မောင်းလိုင်စင်ကဘယ်တော့ရမှာလည်း? "ရှန်းရှောင်ယွဲ့ ညည်းညူလိုက်သည်။" အရင်တစ်ခေါက်တုန်းက ‌အရေးကြီးတဲ့စာချုပ်ချုပ်ဖို့သွားတုန်းကလည်း နင် မြေအောက်ရထားပဲစီးခဲ့တာလေ။အခု အဲ့ဒီကို တကယ်ရောက်နေရဲ့လား?အစည်းအဝေးပွဲက သိပ်မကြာခင်စတော့မှာ "

" ငါ့မှာကားမောင်းလိုင်စင်ရှိရင်ရော နင်က ငါ့ကို ကားဝယ်ပေးမှာလား? "

" ကားပါကင်မှာထိုးထားတဲ့ နင့်ယောက်ျားရဲ့ကား ရှိတာပဲလေ "

" အမလေး...ဟုတ်ပါပြီ။ကဲ...ဓာတ်လှေကားရောက်လာပြီ။ငါအပေါ်တက်တော့မယ်။ပြီးတော့...နင် ကားမောင်းနေရင်းနဲ့ ငါ့ကိုဖုန်းမခေါ်နဲ့လေ "

" ဘယ်အထပ်လည်း? "ထိုအခိုက် အမျိုးသားအသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

" အထပ်၂၀ပါ...ကျေးဇူးတင်ပါတယ်! "ကျေးဇူးတင်စကားပြောရန်အတွက် ယွီသုံ ထိုအမျိုးသားကိုကြည့်လိုက်သောအခါ သိကျွမ်းနေသည့်သူဖြစ်နေလေ‌၏။" ရှင်ပါလား? "

Alanလည်းမျက်ခုံးပင့်ပြ၍ ပြုံးပြလိုက်သည်။" မင်း ကိုယ့်ကို မှတ်မိတယ်လား? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα