Chapter 23

6.5K 1K 29
                                    

Unicode

ရှန်းရှောင်ယွဲ့၏စတူဒီယိုဘေးရှိ လက်သည်းအလှပြင်ဆိုင်တွင် ရှန်းရှောင်ယွဲ့နှင့်ယွီသုံတို့ လက်သည်းအလှပြုပြင်‌နေကြသည်။

" ဒီကိုယ်ဝန်က သူ့ကို တော်တော်ဒုက္ခ‌ပေးတာပဲ!ဘာမှကိုလုပ်လို့မရဘူး "

ရှန်းရှောင်ယွဲ့သည် ရန်ရှင်းရှင်းအား လက်သည်းပြင်ရန် ခေါ်သော်လည်း ရန်ရှင်းရှင်းက ကိုယ်ဝန်ကိုအကြောင်းပြကာ ငြင်းပယ်လေသည်။

" နင်ကလည်း ကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီး‌တွေက မမွေးဖွားခင်အထိ ဂရုစိုက်ရမယ်တဲ့ "

" သုံသုံ...ရှင်းရှင်းရဲ့ဗိုက်က ပိုပြီးကြီးလာတာကိုရော နင် ဘယ်လိုထင်လည်း?မိန်းကလေးတွေရဲ့သွင်ပြင်က ‌မွေးဖွားပီးရင်‌တောင်မှ အရင်နဲ့ မတူတော့ဘူးလို့ ငါဖတ်ဖူးတယ် "ကြောက်မက်ဖွယ်ကောင်းသည့်အရာအား ပြောနေသကဲ့သို့ ရှန်းရှောင်ယွဲ့၏အသံမှာ တုန်လှုပ်နေ‌လေ၏။

" ကျွန်မရဲ့လက်သည်းအတွက် ဒီ ပုံစံ‌လေးလိုချင်တယ် "ယွီသုံ ပုံစံတစ်ခုအား လက်ညှိုးထိုးပြပြီးနောက် အခြောက်ခံစက်‌‌ရှေ့သို့ လက်ကို အလျင်အမြန်ပင်ပြန်ထားလိုက်ကာ ရှန်းရှောင်ယွဲ့ကိုခွန်းတုံ့ပြန်ပြောဆိုလိုက်သည်။

" ကြည့်စမ်း...နင် ဘယ်လောက်ကြောက်နေလည်းဆိုတာ။ငါထက်တာ‌တော့ နင် လက်ထပ်ပြီး‌ ကလေးရဖို့လိုလာရင်တော့ ဒီလိုဖြစ်‌တော့မှာမဟုတ်ပါဘူး "

" တစ်ကယ်လို့ ငါ့ရဲ့ခန္ဓာကိုယ်ကို သက်ရောက်မှုရှိ‌စေမယ်ဆိုရင်တော့ အဲ့ဒီကိစ္စကို စဉ်းစားရဦးမှာပဲ "

" စိတ်ချစမ်းပါဟာ...‌လေ့ကျင့်ခန်းပြန်လုပ်လိုက်ရင် ခန္ဓာကိုယ်က ပြန်ပြီးလှလာမှာပါ။တီဗွီပေါ်က အနုပညာရှင်တွေကို ကြည့်လိုက်စမ်းပါဦး...ပြီးတော့ နင်လည်း ကလေးမရှိဘဲ နေနိုင်မယ့်ပုံလည်း မပေါ်ပါဘူး "

" ဟားဟား...ဒါနဲ့ ဒီ‌နေ့ နင့်ရဲ့ပုံစံက ‌တောက်ပတဲ့‌နွေဦးရက်လေးလိုပါပဲလား။ဘာလည်း...သွားပြီးချိန်းတွေ့မလို့လား? "

" ချိန်းတွေ့မယ်?နင်က ငါ့က်ိုအလုပ်ပေးထားတာကို ဘယ်လိုလုပ်ပြီး ချိန်းတွေ့‌နေနိုင်ပါ့မလည်း? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now