Chapter 44

6.2K 902 23
                                    

Unicode

နှစ်သစ်ကြိုဆိုသည့်ညစာသည် အထူးတလည်ပြင်ဆင်ထားခြင်းမရှိသော်လည်း ယွီသုံ မကြုံတွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် အတိတ်ကို လွမ်းတသသဖြစ်သလို သူမကို ခံစား‌နေရလေသည်။

ကြက်စတူးဟင်းပွဲကြီးတစ်ပွဲနှင့်တစ်ခြားတစ်ဖက်၌ အရသာရှိလှ‌သော နှပ်ထားသည့် ငါးဟင်းလျာတို့သာ အနည်းငယ်ရှိလေသည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖခင်ဖြစ်သူ၏ဖန်တီးမှုမှန်း ယွီသုံပြောနိုင်သည်။

" အဖေ...ဒီနေ့အဖေချက်ထားတာလား? "အဖေဖြစ်သူသည် ဟင်းချက်ရာတွင်တော်သော်လည်း ချက်ပြုတ်ရသည်ကို မနှစ်သက်ကြောင်း ယွီသုံသိသည်။

" ရှဖန်ရှိနေတာ ငါတို့ကျေးဇူးတင်ရမယ်။အဖေက အထူးတလည် သွားပြီးတော့ ငါးလတ်လတ်ဆတ်ဆတ်တွေ ဝယ်လာခဲ့တာ "ယွီစုန့်သည် ညီမဖြစ်သူကို မျက်ခုံးလှုပ်ပြလိုက်သည်။

" အဟွတ်..အဟွတ် "ပါပါးရှသည် ရေသောက်ရင်း ချောင်းဟန့်လိုက်သည်။

ရှဖန်ရင်ထဲထိသွားသည်။ဖန်ခွက်တစ်ခွက်ကို ကောက်ယူ၍ အရက်အနည်းငယ်လောင်းထည့်ကာ မတ်တပ်ရပ်လိုက်သည်။" ကျေးဇူးတင်ပါတယ်...အန်ကယ်။ကျွန်တော့်ကို တစ်ခွက်ဌဲ့ပေးခွင့်ပြုပါ "

" မင်းက မသောက်န်ိုင်ဘူးမလား? "

" နည်းနည်းတော့ သောက်ပါမယ် "

ထို့ကြောင့် ပါပါးယွီလည်း ခေါင်းငြိမ့်ပြလိုက်ပြီး ရှဖန်နှင့် ခွက်ချင်းတိုက်လိုက်သည်။

ထိုအချိန် မာမားယွီသည် နောက်ဆုံးစွပ်ပြုတ်အိုးကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် မိသားစုဝင်အားလုံး အတူတကွထိုင်လိုက်ကြပြီး နှစ်သစ်ကူးညစာကို ပျော်ပျော်ရွှင်ရွှင်ဖြင့် စတင်စားသောက်ကြလေသည်။

ညစာစားနေရင်း ယွီစုန့်သည် ရှဖန်၏ခွက်ထဲသို့အရက်များဖြည့်ပေးသောကြောင့် ရှဖန်လည်း တစ်ခွက်ပြီးတစ်ခွက်လက်ခံလိုက်ရလေသည်။အစားအစာများက အကူအညီပေးသော်လည်း ခွက်ရေအနည်းငယ်‌သောက်ပြီးသည့်နောက် အရက်ဒဏ်ခံနိုင်ရည်မရှိသည့် ရှဖန်သည် မူးမိုက်လာ‌လေသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now