Chapter 53

5.6K 866 33
                                    

Unicode

ဆေးရုံ၏အုပ်ချုပ်ရေးအဖွဲ့သည် ဆရာဝန်နှင့်လူနာအကြားရှိ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ မကြာခဏဆိုသလိုပင် အတွေ့အကြုံအများအပြားရှိ‌‌လေသည်။အိမ်တွင်ရှိသည့် ‌လေသာ‌ဆောင်၌ အပြည့်အစုံ မခင်းကျင်းရ‌သေးခင် ရှဖန်အလုပ်ပြန်ဝင်ခဲ့ရသည်။

ထို့ကြောင့် လေ‌သာဆောင်ကို ယွီသုံက နေ့စဉ်နေ့တိုင်း ပြင်ဆင်ပြီး မနက်ခင်းတိုင်း အသစ်အသစ်သောအရာများနှင့် ရှဖန်ကို အံ့ဩအောင်လုပ်နေလေ၏။

ဖေဖော်ဝါရီလကုန်ဆုံးလာခဲ့ပြီး မတ်လသို့ ကူးပြောင်းလာခဲ့ပြီးဖြစ်သည်။ရှဖန်ရှေ့သို့ အန်အန်းနောက်ထပ်ပေါ်လာသည့်အချိန်မှ သူမကိုမတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ရှဖန်သတိထားမိလိုက်သည်။

" ရှင် အခု အချိန်ရလား? "အန်အန်းသည် ရှဖန် roundလှည့်ပြီးမည့်အချိန်ကို သေချာစောင့်နေလေသည်။

" အမ်...ရပါတယ် "ရှဖန်သည် အနည်းငယ် အံ့အားသင့်သွားသည်။

" ပန်းခြံဘက် လမ်းလျှောက်ရအောင် "အန်အန်းက အဆိုပြုလာသည်။

" အာ... "သဘောတူရမည်လား တွေးတောရင်း ရှဖန် တုံ့ဆိုင်းသွားသည်။

" Ah...ရှင် မမှတ်မိဘူးလား? "အန်အန်း ရုတ်တရက် ထရယ်လေသည်။

" ဘာကိုလည်း? "

" တစ်လကူးပြောင်းအစီအစဉ်က ပြီးသွားပြီလေ။ကျွန်မ ဒီနေ့ည အမေရိကကို ပြန်တော့မှာ "

ရှဖန် ထိတ်လန့်သွားပြီး အနည်းငယ် ကသိကအောက်ဖြစ်ဟန်ဖြင့် အန်အန်းကို လှမ်းကြည့်လာသည်။

‌ဆေးရုံ ပန်းခြံသည် လမ်းလျှောက်နေသည့် လူနာများနှင့်အတူ နှစ်သက်ဖွယ်ကောင်းသည့် ပန်းများဖြင့် ပြည့်နှက်နေသည်။အန်အန်း ထိုမြင်ကွင်းကို ကြည့်ရင်း ညည်းညူလိုက်သည်။" ရှင်က ကျွန်မထက် ၂နှစ်စောပြီးတော့ ဘွဲ့ရပြီးတဲ့အပြင် ဒီဆေးရုံကို ဘွဲ့ရပြီးပြီးချင်း ရောက်လာခဲ့တယ် "

" အင်း "ရှဖန် ခေါင်းငြိမ့်လိုက်သည်။

" ဒါပေမယ့် ဒါက ဒီပန်းခြံတစ်ဝိုက် လမ်းလျှောက်ဖူးတာတော့ ပထမဆုံးအကြိမ်ပဲ "အန်အန်း ‌ပြန်လည်တွေးတောနေ‌လေသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now