Chapter 40

6.3K 940 52
                                    

Unicode

နိုးထလာသည့်အချိန်၌ ယွီသုံ ရှုပ်ထွေး‌နေ‌လေ၏။သူမ၏ခေါင်းအုံးသည် မာကျော၍ အနည်းငယ်ထူးဆန်းနေသည်ဟုလည်း သူမ ခံစား‌နေမိ‌လေသည်။ပို၍သက်တောင့်သက်သာဖြစ်စေရန်အတွက် လှည့်ရန်ကြိုးစား‌လိုက်သော်လည်း ပူနွေးပြီး တောင့်တင်းသည့်ရင်ဘတ်နှင့်သာ အမှတ်မထင် ပက်ပင်းတိုးလေသည်။

ယွီသုံလည်း ချက်ချင်းပင် တည်ငြိမ်အောင်ကြိုးစား၍ မျက်လုံးများသည့် နွေး‌ထွေးသည့် လက်မောင်းတစ်လျှောက် ကြည့်မိလေသောအခါ ရှဖန်၏နူးညံ့ကြင်နာသည့် မျက်ဝန်းများကို တွေ့လိုက်ရသည်။

" မင်း နိုးလာပြီလား? "ရှဖန် ခေါင်းငုံ့၍ ယွီသုံ၏နဖူးကို လှမ်းနမ်းရင်း မေး‌လိုက်သည်။

ယွီသုံလည်း မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်‌နေရင်း မနေ့ညက အဖြစ်အပျက်များကို ပြန်လည်တွေးတောမိသွားသည့်အခါ သူမ၏မျက်နှာမှာ တစ်ဖြည်းဖြည်းချင်း နီရဲလာသည်ကို ရှဖန်မြင်လိုက်ရသည်။

" Ah... "ယွီသုံ၏ရှက်ရွံ့နေသည့် အမူအရာကြောင့် ရှဖန်ရယ်လိုက်သည်။

" ရှင် ဘာရယ်တာလည်း? "ယွီသုံလည်း ရှက်ကိုးရှက်ကန်းဖြင့် ရှဖန်ပွေ့ဖက်ထားမှုမှ ရုန်းထွက်လိုက်သည်။သူမ ထထိုင်လိုသော်လည်း စောင်သည် လျောကျသွားသဖြင့် ရင်ဘတ်မှာ လှစ်ဟာသွားသည့်အခိုက် အန္တရာယ်ရှိကြောင်းအချက်ပေးသံနှင့်အတူ သူမ လှဲချလိုက်‌သည်။

သူ၏လက်မောင်းများအတွင်းမှ နူးညံ့သည့်ခန္ဓာကိုယ်လေးကို အလွန်အမင်း ကျေနပ်အားရရင်း ယွီသုံအားပွေ့ဖက်ထားသော ရှဖန်၏အပြုံးတို့သည် ပို၍ပင်တိုးလာလေသည်။

ယွီသုံ ဘာမှမ‌ပြောနိုင်ပေ။မနက်စောစော ထိုကဲ့သို့သော ရှက်ကိုးရှက်ကန်းအခြေအနေမျိုးတွင် ထွက်ပေါက်ရရန်အတွက် သူမ ရှဖန်၏ရင်ဘတ်ကို ကိုက်ရုံသာတတ်နိုင်တော့သည်။

" ရပ်လိုက်တော့...ဒီထက်ပိုပြီး ဒုက္ခရောက်အောင်မလုပ်နဲ့‌တော့။ကိုယ်တို့ညစာမှီအောင်သွားရမှာဆိုတော့ ထမှရမယ် ... "လာမည့်နှစ်ရက်အတွင်း၌ နှစ်သစ်ကူးတော့မည်ဖြစ်သောကြောင့် ရှဖန်နှင့်ယွီသုံသည် သူမ၏မွေးရပ်‌မြေသို့ ယနေ့ပြန်ရန် စီစဉ်ထားကြသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now