Chapter 5.2

6.8K 982 7
                                    

Unicode

" မင်း...မင်း ဘာလုပ်မလို့လည်း? "ယွီသုံ အရှိန်ဖြင့်လာနေခြင်းသည် ဖန်းဟွာအား ထိတ်လန့်သွား‌စေ၏။

ယွီသုံက တစ်ချက်ရယ်လိုက်ပြီး ဖန်းဟွာအား ရုတ်တရက် စတင်ရိုက်နှက်လေ‌တော့သည်။လက်ကိုမြှောက်ကာ အသံမြည်သည်အထိရိုက်နှက်လိုက်သည်။" ကျွန်မ ရှင့်ကိုရိုက်ချင်နေတာ ကြာပြီ "

သူမတို့၏ဆိုးဝါးလှသည့် ဆက်ဆံရေးတွင် ယွီသုံမှတ်မိသည့် တစ်ခုတည်းသောအရာမှာ ပြည်သူ့ရေးရာဗျုရိုရှေ့တွင် ရှိနေချိန်၌ သူမငိုခဲ့ရခြင်းပင်ဖြစ်သည်။ထိုယောက်ျားကို ရိုက်နှက်ခွင့်ရလိမ့်မည်ဟု မထင်ထားမိသော်လည်း နောက်ဆုံးတွင် ယ‌နေ့၌ သူမ၏ဆန္ဒတို့ပြည့်ဝခဲ့ပြီဖြစ်သည်။

" မင်း ဘာလုပ်တာလည်း! "

ချစ်စရာအမျိုးသမီးငယ်လေးသည်လည်း မထင်မှတ်ထားသည့် အခြေအနေကြောင့် ထိတ်လန့်သွားသည်။

ဖန်းဟွာအား ရိုက်နှက်ပြီးနောက် ယွီသုံ သူမ၏ခုံသို့ပြန်သွားကာ ဖရဲသီးဖျော်ရည်အား လှမ်းယူ၍ အလျင်စလိုသောက်လိုက်ပြီးသည့်နောက် အော်ခေါ်လိုက်သည်။" ရှောင်ယွဲ့...ဒီကိုလာဦး! "

" ဘာကိစ္စရှိတာလည်း?ဘာဖြစ်လို့လည်းဟင်? "အလုပ်ရှုပ်နေသောရှန်းရှောင်ယွဲ့သည် ဖရိုဖရဲဖြင့် အခန်းထဲသို့‌ ပြေးဝင်လာခဲ့ချိန်၌ အခန်းထဲမှအခြေအနေသည် တစ်ခုခုမှားယွင်းနေပြီဟု သတိပြုမိလေသောကြောင့် သူမ မေးမြန်းလိုက်သည်။" ဘာဖြစ်လို့လည်း? "

ဖန်းဟွာကမူ စိတ်‌တိုနေသည့်မျက်နှာဖြင့် တိတ်ဆိတ်နေဆဲပင်။

ချစ်စဖွယ်မိန်းမငယ်လေးသည် အနောက်ဘက်သို့ တိတ်တဆိတ် ထွက်သွားရန် ကြိုးပမ်းနေသည်။

" ရှန်းရှောင်ယွဲ့...နင့်ကိုနင် ငါ့သူငယ်ချင်းလို့ မှတ်ယူထားသေးလား? "ယွီသုံအေးစက်စက် ‌မေးလိုက်သည်။

" ဒါပေါ့! "

" နင်အကူအညီလိုတယ်ဆိုလို့ ငါမေးခွန်းတစ်ခုမှ မမေးဘဲ ရောက်လာတယ်ဆိုတာကိုရော နင်ယုံရဲ့လား? "

" အင်း...ယုံတာပေါ့! "

" အဲ့တာဆို ဘယ်လိုလုပ်ပြီး နင် ငါ့ကို ဒီလိုလုပ်နိုင်ရတာလည်း! " သူမ‌ မေးလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now