Come back Zwe Htet

7.8K 568 109
                                    

" အာ... ကိုထက်... ကျွန်တော် ငရဲကြီးတော့မှာပဲ "

သတိုး ခြေထောက်လေးများက
ထက်မြတ်၏ လက်ဖ၀ါးကြီးကြီးထဲ ပျော်ဝင်နေသော်လည်း ပိုင်ရှင်ဖြစ်သူ ချစ်တတ်လွန်းသူကြီး သတိုး မှာတော့ ချစ်ရသူအား, 
အားနာစွာ တုံ့ပြန်မိ၏ ။

ထက်မြတ် က သတိုးအား မော့၍ပင်မကြည့်..
ဆူပုပ်နေသော မျက်နှာဖြင့် သတိုး ခြေချောင်းလေးများအား ရေဆေးပေးရင်းဖြင့် နှိပ်နယ်ပေးလေ၏ ။

" ကိုထက်... ကျွန်တော့် ကို ကြည့်ဦး ၊
ကိုထက်... ကိုထက် လို့ "

" စိတ်ကောက်နေတယ်လေ ၊ "

လူကကြည့်တော့ ဆံပင်ဖြူနေပြီ ။ သူ က စိတ်ကောက်လို့ ကောင်းတုန်းပင် ။ ဟုတ်သည် ။
ကိုထက် က အခုဆို အသက် ၄၀ ထဲသို့်ပင် ရောက်တော့မည် ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကိုထက်က ကျွန်တော့်အပေါ် သိပ်ကို အလိုလိုက်ခဲ့သလို သူ တတ်နိုင်စွမ်းသလောက် ချစ်ပေးခဲ့သည် ။ ကိုထက် က ကျွန်တော်နဲ့ စတွေ့ခဲ့ချိန်က ကိုထက် မှ ဟုတ်ရဲ့လားလို့တောင် ပြန်မေးယူရခဲ့တဲ့အထိ ကိုထက်က သူ့တဘ၀လုံး ဒုတ္ခိတ တစ်ဦးအနားမှာ အစွမ်းကုန်ချစ်ပေးခဲ့ရှာသည်။
တစ်ခုပဲ... ကိုထက် အရမ်းကို စိတ်ကောက်တတ်လာတာလေးက လွဲလို့ပေါ့... ။

" ကိုထက် က ဘာတွေ စိတ်ကောက်နေတာတုန်း...
ကျွန်တော် ချော့မှာပေါ့ "

" ဟင်း... မနေ့က ဟိုဘက်ခြံက ကောင်မလေးနဲ့
ဘာလို့ စကားပြောနေတာလဲ "

ဪ... ကိုထက်က သူ့အမျိုးသား ဒုက္ခိတကို
ကြံဖန်ကာ သ၀န်တိုနေခဲ့တာပဲ ။ ဟ်ုဘက်ခြံက ကောင်မလေးဆိုလို့  ၁၈ နှစ်ပြည့်ပြီးသား ချာတိတ်လေးမထင်နဲ့လေဦး ။ ၇ နှစ်အရွယ်ကလေးလေးတစ်ယောက်နဲ့တောင် ကိုထက်က သ၀န်တိုတတ်နေခဲ့ပြီ ။ အရင်ကဆို ကျွန်တော် ဘာလုပ်လုပ် ဂရုမစိုက်တတ်တဲ့ ကိုထက်က အခုဆို ဆီးသွားရင်တောင် သူ မပါလို့မဖြစ် ၊ အိပ်ရင်လည်း သူ့ရင်ခွင်ထဲမှ မဟုတ်ရင် အိပ်ခွင့်တောင်မပေးတော့သည့် အခြေအနေတစ်ခု ။

" အဲ့ကလေးလေးကလေ ၇ နှစ်ပဲ ရှိသေးတယ်၊
ပြီးတော့ ကျွန်တော့်လို ဒုက္ခိတကို... "

Hate fire ( Zawgyi and Unicode) Where stories live. Discover now