part 14

21.7K 2K 154
                                    

ခွန်း ထိုအိမ်ကြီးထဲ၌နာကျင်ဖွယ်နေ့ရက်များစွာဖြတ်သန်းရင်းရှင်သန်ခဲ့ရသည်မှာခြောက်လပင်ကျော်လေပြီ။ဦးညို၏အကူအညီဖြင့်မနက်ခင်းတိုင်းလမ်းလျှောက်
လေ့ကျင့်မှုကြောင့်လူကောင်းပကတိနီးပါးလမ်းလျှောက်နိုင်ပြီဖြစ်သည်။ခွန်းလမ်းလျှောက်နိုင်သည်နှင့်ဦးညိုအားနယ်မှခြံတစ်ခြံသို့ပို့ခဲ့သောကြောင့်ရှိသမျှအိမ်မှုကိစ္စအားလုံးတို့သည်ခွန်း၏တာဝန်ပင်ဖြစ်လာတော့၏။

" ခွန်းစစ်!!! "

မာကျောလှသောအသံဩဇာကြောင့်လက်ထဲမှဖန်ခွက်ကလေးအားပစ်ချပြီးမသန်စွမ်းသေးသောခြေထောက်တို့ဖြင့်ရှည်လျားလှသောလှေကားထစ်တို့ကိုကျော်ဖြတ်ကာမပြေးရုံတမယ်သွားရပြန်သည်။အသံလာရာအခန်းလေးဆီသို့ခြေလှမ်းတို့အားဦးတည်လိုက်ပြီးအခန်းတံခါးလေးအားညင်သာစွာတွန်းဖွင့်လိုက်သည်။အင်္ကျီတို့အားပွကြဲစွာဖွထားပြီးနောက်ထိုရှုပ်ပွနေသောအလယ်တွင်ထိုင်ကာ ခွန်း အားမထေ့တထေ့အပြုံးလေးပေးလာသော ကိုကို...

"ငါ ဒီနေ့ဘာဝတ်သွားရမှာလဲ "

ဟူ၍မေးလေသောကြောင့် အ၀တ်ဘီဒိုတံခါးအားဖွင့်ကာ အပြာနုရောင် ရှပ်အင်္ကျီလက်ရှည်လေးတစ်ထည်အား ဆွဲထုတ်လိုက်သည် ။

" ဒါလေးဝတ်ပါလား ကိုကို"

" ဒါကမီးပူတိုက်ပြီးသားမလား ၊ မ၀တ်ချင်ဘူး "

စေတမာန်ဖြစ်ချင်သောဆန္ဒတို့ကိုသဘောပေါက်သည
်နှင့်မီးပူမတိုက်ရသေးသောအင်္ကျီများကြားမှရှပ်အင်္ကျီတစ်ထည်ကိုယူကာမီးပူတိုက်ရန်ပြင်ရတော့သည်။မီးအားကိုအမြင့်ဆုံးမလုပ်ဘဲမီးနည်းနည်းဖြင့်လက်အ
ညောင်းခံကာတိုက်နေသော ခွန်း အား စေတမာန် စိတ်မရှည်ချင်တော့ပေ။

"ဘာလို့အချိန်ဆွဲနေတာလဲ၊ ဒီလိုမီးနည်းနည်းနဲ့ လုပ်နေတော့ ဘယ်တော့မှငါကအင်္ကျီဝတ်ရမှာလဲ"

" မီးအား များများနဲ့တိုက်မှတော့ ကိုကို့အသားတွေ ပူကုန်မှာပေါ့၊ အဲဒါကြောင့် လက်အညောင်းခံပြီးတိုက်ပေးနေတာပေါ့..."

စေတမာန် နှုတ်ဆိတ်လျက် သူ့ရှေ့၌ တလှုပ်လှုပ်ဖြင့် မီးပူတိုက်နေသော ကောင်လေးကိုသာငေးမောနေမိသည်။ဖြူဥနေသောခြေသလုံးသားလေးတွေ ပေါ်လွင်အောင်ပင် တမင်များ ဘောင်းဘီဒူးဖုံးလေး ၀တ်ဆင်ထားလေသလား။ အင်္ကျီမှာ သူ့ထက်ပင်ကြီးနေ၍ ခါးအောက်သို့လျှောကျနေပေ၏။ ဖြူလုံးလုံးအကောင်ပေါက်လေးသည် ချစ်ရာအသွင်အပြင်နှင့် ချစ်ဖွယ်သောစကားကိုဆိုနေသည်မှာနောက်တစ်ကြိမ်သူ့အားလှည့်စားနေခြင်းပေလား ။ သူ့အတွေးတို့ ရှုပ်ထွေးလာ၍ ထိုကောင်လေးအနားမှ လျင်မြန်စွာ ထွက်ခွာလာခဲ့လေသည်။

Hate fire ( Zawgyi and Unicode) Where stories live. Discover now