part 59

18.1K 1.5K 104
                                    

"နေရောကောင်းရဲ့လား သတိုး... "

ို့မှောင်ခိုအရောင်းအ၀ယ်ကိစ္စနှင့်ပတ်သက်၍
နယ်စပ်သို့ရောက်နေသည့်မိုးတမာန်နှင့်သတိုး၊
ဖခင်များလက်ထက်ကတည်းက အတူတကွ တွဲဖက်လုပ်ကိုင်ခဲ့သော်လည်းအချင်းချင်း သစ္စာဖောက်ဖျက်ကာ ရန်သူကြီးများသဖွယ်ဖြစ်ခဲ့ကြလေ၏။ သတိုးနှင့် ပြန်လည်၍တွဲဖက်လုပ်ကိုင်ရန် စေတမာန်၏စကားကို နားထောင်ခဲ့ရသော်လည်း အတွေးလွန်နေသော သတိုး အား မိုးတမာန် အားမရခဲ့ပေ။
သူ၏မေးခွန်းကိုပြန်မဖြေဘဲ အတွေးအာရုံထဲ နစ်မျောနေသော သတိုး၏ပုခုံးအားလက်ကြမ်းကြမ်းဖြင့် ကိုင်လှုပ်လိုက်သည် ။

"သတိုး...ငါ ပြောနေတာကြားလား "

"ဟမ်...ဘာ...ဘာ ဖြစ် လို့ လဲ "

"မင်းကိုမေးနေတာ နေကောင်းလားလို့ မျက်နှာကလည်း ဖြူဖပ်ဖြူရော်နဲ့... "

"အင်း... ကောင်းပါတယ်"

"ငါတို့ ဒီကို အန္တရာယ်များတဲ့အလုပ် လာလုပ်တာနော်၊မင်းရည်းစားအကြောင်းတွေးချင်ရင် အိမ်ပြန်ရောက်မှတွေး... အသက်ပါဘယ်နားက ထွက်မှန်းမသိ ဖြစ်သွားလိမ့်မယ် "

"ရည်းစား...ကျွန်တော့်မှာ ရည်းစားမရှိပါဘူး၊
ချစ်သူတော့ရှိတယ်၊ သူ့အကြောင်းတွေးမိသွားလို့ Sorry!..."

မိုးတမာန်သည် သတိုး၏စကားအားနားမလည်ဟန်မျက်လုံးတို့ဖြင့်ကြည့်ရင်း...

"ရည်းစားမရှိဘူး၊ ချစ်သူ...မင်းဟာကဘာလဲကွ၊ အတူတူပဲမဟုတ်ဘူးလား"

"ရည်းစားဆိုတာတစ်ဦးနဲ့တစ်ဦးအပြန်အလှန် ချစ်ကြတယ်၊ ကျွန်တော့်အတွက်တော့ ကျွန်တော့်ကို
ပြန်ချစ်ပေးမယ့်သူမဟုတ်တဲ့ ကျွန်တော့်ဘက်က ချစ်ရသူ၊ ကျွန်တော့်ရဲ့ချစ်သူ... "

"အဲ့ဒီလူကအရမ်းကံကောင်းတာပေါ့ ၊ မင်းက သိပ်ချစ်တတ်တဲ့ယောက်ျားပဲ၊ တစ်ခါတလေမှာ
ချစ်သူအဖြစ်အမည်ခံထားပေမယ့်လည်း ကိုယ့်ဆီမှာ ခန္ဓာကိုယ်သာရှိနေတတ်ကြတယ်၊ အဲ့လို relationship မျိုးထက်စာရင် တဖက်သတ်အချစ်က ပိုပြီး ခံစားရသက်သာစေတယ် သတိုး... မင်းလည်း တဖက်သတ်အချစ်နဲ့ နေသားကျနေပြီပဲ၊ ငါတို့လည်းအေးစက်နေတဲ့ ဆက်ဆံရေးတစ်ခုနဲ့ နေသားကျနေပြီ၊ အဲ့တော့ အရာအားလုံးကိုရှုပ်ထွေးသွားအောင် မလုပ်ချင်စမ်းနဲ့၊ ငါ မင်းနဲ့ ရန်သူတွေထပ်မဖြစ်ချင်တော့ဘူး"

Hate fire ( Zawgyi and Unicode) Where stories live. Discover now