part 23

21.1K 1.9K 124
                                    

ခွန်း အားစိတ်အနာကြီးနာသွားလေသော ချစ်ရသူသည် ခွန်း အနားမှသုံးနှစ်နီးပါးပျောက်ကွယ်သွားလေ၏။ အိမ်ထဲမှအိမ်အပြင်မထွက်ရ၍ ပြင်ပလောကနှင့်အဆက်အသွယ်အဖြတ်ခံထားရသော ခွန်း သည် ချစ်သူ၏အကြောင်းများအား တစ်ခုတလေမျှ စုံစမ်းခွင့်မရရှိခဲ့ပေ။
ခွန်း ကို ထက်ဝီရလက်ထဲသို့ ပေးအပ်ချင်နေသော ဖခင်၏အကြံအစည်တို့သည်လည်း ခွန်း၏အချစ်ကို မရမချင်းရှေ့ဆက်မတိုးဘူး ဟူသော ထက်ဝီရ၏ေ၀၀ါး လှသောဆုံးဖြတ်ချက်ကြောင့်ပင် ပျက်ဆီးခဲ့ရလေ၏။

ခွန်းဆီက အချစ်တဲ့...။

ကျွန်တော့်အချစ်တွေလား၊ ကိုကို့ဆီပါသွားပြီ ။
ကျွန်တော့်နှလုံးသားလား၊ ကိုကို့ဆီ ပါသွားပြီ ။ ကျွန်တော့်ပျော်ရွှင်မှုလား၊ ကိုကို့ဆီပါသွားပြီ။
ကျွန်တော့်အပြုံး ၊ ကျွန်တော့်စိတ်ခံစားချက် ၊ စိတ်ဝိညာဉ်၊ အားလုံး အားလုံး...ကိုကို့ဆီမှာလေ။

ဒါတွေကို ခင်ဗျားတို့မသိကြလေသလားလို့ အသက်မရှိတော့တဲ့ ကျွန်တော့်နှလုံးသားလေးက ခင်ဗျားတို့ကိုလှောင်ရယ်နေလေရဲ့... ။

သုံးနှစ်ဟူသောအချိန်ကာလတစ်ခုအား လွမ်းဆွတ်တမ်းတခြင်းခံစားမှုတို့ဖြင့် ဖြတ်သန်းခဲ့ပြီးနောက် ထူးခြားစွာသတိထားမိခဲ့သည့် နာမည်လေးတစ်ခု...Demon တဲ့... ။
ကျောင်းမနေခဲ့ရသည့်ခွန်း ၊ နှင်းဆီ၏ တိုးတိတ်စွာသင်ကြားပေးမှုများကြား မြန်မာစာလုံးလေးများအား ရေးဖတ်တတ်ရုံလေးဖြင့် ခွန်းသည် ဖခင်၏နှုတ်ဖျားမှ ကြောက်လန့်တကြားရေရွတ်နေသော ထိုအင်္ဂလိပ်ဆန်ဆန် နာမည်အား ကြားသိနေရသော် လည်း မည်သည့်အဓိပ္ပာယ်မှန်းနားမလည်ခဲ့ပေ။
ထိုနာမည်ကြားသည်နှင့်တုန်လှုပ်သွားတတ်သော ဖခင်၏အမူအရာများ၊ အိမ်သို့လာနေကြ ဖခင်၏ ဒုစရိုက်မိတ်ဆွေများထံမှ ထို ဗိုလ်ဆန်ဆန်နာမည်ပိုင်ရှင်၏ ရက်စက်ကြမ်းကြုတ်မှုများစွာကိုသာကြားသိနေရ၏။
Demon..... Demon......
ထူးဆန်းစွာပင်...ထိုနာမည်လေးတစ်ခါရေရွတ်မိတိုင်း အသက်မဲ့နေသည့် နှလုံးသားလေးက တစ်ချက်လှုပ်ခါ နေဆဲပင်.... ။

တစ်ခါတရံဘယ်အရာကိုမှကိုယ်တိုင် သိနေစရာ မလိုပါဘူးလေ... နှလုံးသားလေးကသူ့သခင်ကို သိနေပြီသားမို့...

Hate fire ( Zawgyi and Unicode) Where stories live. Discover now