part 51

20.7K 1.8K 116
                                    

ထိုနေရာမှသတိုးအမြန်ဆုံးပြေးထွက်လာခဲ့သည်။ ဦးတည်ချက်တို့က အတိတ်မေ့နေသည်ဟုဆိုသော ညီငယ်ဆီသို့...။

"ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျ..."

သူ့ကိုတွေ့သည်နှင့်သူစိမ်းတစ်ယောက်သဖွယ်ဆက်ဆံလိုက်သော ခွန်းအား အပြစ်မတင်ရက်တော့ပေ။
ထက်မြတ်ပြောခဲ့သည့်အတိုင်းခွန်းသည် အတိတ်မေ့ရောဂါ ခံစားနေရသည်ကိုသတိုးသိထားပြီးသားဖြစ်ပေ၏။ ထိုညီငယ်လေးအပေါ်သူအနိုင်ကျင့်နှိပ်စက်ခဲ့မိသည့် လုပ်ရပ်များအား သတိုး မျက်ဝန်းထဲပြန်လည် မြင်ယောင်လာမိသည် ။
'ကိုကြီး'ဟူသောခေါ်သံလေးကိုလျစ်လျူရှုခဲ့ဖူးသည်။ 'ကိုကြီးနဲ့ဆော့ချင်တယ်' ဟူသောကလေးကို ရက်ရက်စက်စက်ထိုးနှက်ခဲ့ဖူးသည် ။ အမေဖြစ်သူ ရိုက်နှက်နေသည့်အချိန် အားကိုးချင်သော မျက်ဝန်းတို့်ဖြင့်မော့ကြည့်လာသောကလေးအား အပြုံးတစ်ခုဖြင့်သာတုံ့ပြန်ခဲ့ဖူးသည်။

ခွန်း ငိုနေလျှင် သူ ပျော်သည်။
ခွန်း မငိုငိုအောင် သူ လုပ်သည်။
ခွန်း နာကျင်နေလျှင် သူ ၀မ်းသာသည်။

သတိုးသည် ကိုယ့်ထက်ငယ်သောသူအားကြီးနိုင်ငယ်ညှင်းမလုပ်ရန် ဆုံးမမည့်မိဘမျိုးဖြင့် ရှင်သန်ခဲ့ရခြင်း မဟုတ်ပါလေ။
အမေဖြစ်သူ၏ "မယားငယ်မသား" ဟူသောစကားနှင့် အဖေဖြစ်သူ၏ "အဲ့ကောင်လေးနဲ့မပတ်သက်ရဘူး" ဟူသောစကားတို့ကသာ,သတိုး၏စိတ်ကိုနှစ်ပေါင်းများစွာအနိုင်ယူခဲ့လေ၏။ ခွန်းအားစိတ်မကောင်းဖွယ်မျက်ဝန်းတို့ဖြင့်ကြည့်ရင်း...

အခုချိန် "ကိုကြီး "ဟု ခေါ်လျှင် ယခင်ကလို ရိုက်ရက်တော့မည်မဟုတ်ပေ... ။

"ခွန်း...စကားပြောရအောင်လေ"

"ဟုတ်ကဲ့... ထိုင်ပါ"

ခွန်း က သတိုးအား ဧည့်ခန်းတွင် ထိုင်ခိုင်း ပြီးနောက် သတိုး၏ အနား၌ ကပ်၍ ထိုင်သည်။

ခွန်းနေရာချပေးသည့်နေရာ၌ သူ ထိုင်၍ ခွန်းလက်ကိုဆွဲလျက်အနားတွင်ထိုင်စေခဲ့သည်။ ခွန်း၏ ဆံပင်ပျော့ပျော့လေးများကို လက်ချောင်းသွယ်သွယ်လေးများဖြင့်ထိုးဖွတော့ ငြိမ်နေရှာသောကြောင့် ခွန်း၏ပါးလေးတစ်ဖက်ကို သတိုး လက်ဖြင့်ဖွဖွလေးညှစ်မိသည် ။

Hate fire ( Zawgyi and Unicode) Where stories live. Discover now