Hate fire ( Extra)

26.6K 1.6K 101
                                    

ရောင်ခြည်ဖြာနေသောအလင်းတန်းလေးမှာ
သက်ဆိုင်သူ၏ပါးပြင်လေးပေါ်ကူးလူးနေသည်။
ငှက်ကလေးများက အလင်းတန်းလေးအား
မနာလိုနေသည့်အလား ကျယ်လောင်စွာ
တွန်ကျူးနေကြပြန်သည်။

ပါးပြင်ပေါ်သို့ ကျရောက်လာသော
ရောင်ခြည်မျှင်လေးအား မလိုလားသည့်ဟန်
လက်ဖ၀ါးတစ်ဖက်ဖြင့် အကာအကွယ်ယူလိုက်လေ၏။

"သတိုး... နေရောင်ခြည်လေးကို ထိတွေ့ခွင့်ပေးလိုက်ပါ၊ အပြင်လောကရဲ့
အငွေ့အသက်ကိုမခံစားရတာ ၈ နှစ်ကျော်ခဲ့ပြီပဲ "

ဝှီးချဲလေးပေါ်မှ ကောင်ငယ်လေးမှာ
အစ်မဖြစ်သူအား အေးချမ်းစွာ ပြုံးပြရင်း...

"နေရောင်ခြည်ကို မကြိုက်ဘူး မမနှင်းဆီ .... "

တွန့်ချိုးနေသော မျက်ခုံးတန်းလေးက
သူ၏ စိတ်အလိုမကျမှုအား ပံ့ပိုးပေးနေသယောင်...

မောင်ဖြစ်သူ၏ စကားအား အလိုမကျစွာ
နှင်းဆီ မေးခွန်းထုတ်ပြန်သည်။

" ဘာလို့လဲ သတိုး.... "

" ကောင်းကင်ကြီးကို ကြည့် မမနှင်းဆီ...
ကြယ်လေးတွေကို မြင်ရလား "

"နေ့ခင်းကြောင်တောင် ကောင်းကင်မှာ
ဘယ်လိုကြယ်ရှိမှာလဲ သတိုးရဲ့ "

နားမလည်သော မျက်လုံးများအား
တချက်မျှကြည့်ကာ မျက်လွှာချသွားသော
ကောင်လေး...

ခံစားမှုအားလုံးမှာ မျက်လုံး၌သက်ဝင်နေသည်
မဟုတ်လား....
သူ၏ ခံစားချက်များအား ဖုံးကွယ်ပစ်ရန်
အစ်မဖြစ်သူ၏ မျက်နှာအား စူးစိုက်စွာ
အကြည့်မရဲတော့ပေ... ။

မျက်လွှာ အောက်ချလျက်
နှုတ်ခမ်းပါးလေး အနည်းငယ် လှုပ်ရှားသွားရုံမျှသာ
သူပြုံးသည်။ ထို့နောက် အစ်မဖြစ်သူ၏
မေးခွန်းအား ပြန်လည်ချေပသည်။

" ဟင့်အင်း.... ကြယ်လေးတွေက
မနက်ခင်းမှာလည်း ရှိသလို နေ့ခင်းမှာလည်းရှိတယ်၊
နေရောင်ကြီးကြောင့် ကြယ်လေးတွေက ပျောက်ကွယ်သွားတာ "

" အဲဒါကြောင့် နေရောင်ကို မကြိုက်တာပေါ့၊
ဟုတ်လား... "

" အင်း... ဆိုပါတော့... ကျွန်တော်ကိုယ်တိုင်ကလည်း
အလင်းမှိန်နေတဲ့ ကြယ်လေးပဲမဟုတ်လား၊
ကိုထက် က... နေမင်းကြီး... "

Hate fire ( Zawgyi and Unicode) Where stories live. Discover now