part 36 unicode

21.6K 1.3K 90
                                    


"ခွန်းစစ်...ခွန်းစစ်! ... ခွန်းစစ်!...ဘယ်နားသွားသေနေလဲ "

မနက်မိုးလင်းမျက်စိနှစ်လုံးပွင့်သည့်အချိန်မှခွန်း၏အရိပ်ကလေးပင်မမြင်တွေ့ရသောကြောင့်စေတမာန်တစ်အိမ်လုံးမီးလောင်မတတ်သောင်းကျန်း
နေလေ၏။မနက်လင်းသည်နှင့်ကြားနေကျ"ကိုကို"ဟူသောအသံလေးပျောက်ကွယ်နေသည့်အချိန်မှစ၍ရင်ပူခဲ့ရသည်မှာ
အကျႌဝတ်ခါနီးအချိန်အထိပင်။ အကျႌ ဝတ်ချိန်ရောက်တိုင်းမမှီ့တမှီအရပ်ကလေးဖြင့် နက်တိုင် တပ်ပေးနေကျ၊အကျႌကြယ်သီးတပ်ပေးနေကျလက်လေးတစ်စုံစတင်
ပျောက်ကွယ်၍လာခဲ့ပြီ။ အိမ်အောက်ထပ်သို့အပြေးရောက်သွားသော်လည်း မနက်စာဝိုင်း၌ ကော်ဖီငှဲ့နေသော ညီမဖြစ်သူကို တွေ့မြင်ရသော်လည်း မြင်ချင်သောသူ၏အရိပ်ကလေးအားမတွေ့မိပေ။အိမ်ကျယ်ကြီးထဲ၌အပြေးအလွှား အရူးတပိုင်းဖြစ်နေသော အစ်ကိုဖြစ်သူကိုကြည့်ရင်း မေသုမာန် သက်ပြင်းချမိသည်။

"ကိုမာန်...ဘာဖြစ်နေတာလဲ"

"ခွန်းစစ်ရော...ဘယ်မှာလဲ "

" ခွန်း က မရှိတော့ဘူး... "

" ဘာ... မေသုမာန်  ငါ နားလည်အောင် ပြောစမ်း!"

"ခွန်းကသူ့ကလေးအတွက်ထွက်သွားပြီ၊ကိုမာန်ရှာမတွေ့နိုင်တဲ့အဝေးဆုံးကို...ဘယ်လဲတော့လာမမေးနဲ့၊ မေသုလည်းမသိဘူး ။ မေသု ကို ပြောမသွားဘူး "

"တောက်! ငါ့ဆီက ထွက်ပြေးရဲတယ်ပေါ့ "

ခွန်းကြောင့်ဖြစ်ပေါ်လာသောပူလောင်မှုနှင့်ဒေါသစိတ်အားညီမဖြစ်သူအပေါ်တွင်သာ ပုံချပြန်သည်။

"နင်သာမရှိရင်သူဒီလောက်ထိလုပ်ရဲမှာမဟုတ်ဘူး။ခွန်းသွားတဲ့နေရာကိုမပြောပြနိုင်ရင် အထုပ်အပိုးပြင်ထားလိုက်တော့ မေသုမာန်"

"မေသု တကယ်မသိတာ၊ သိလည်း ပြောပြမှာမဟုတ်ဘူး။ ခွန်းကို ကိုမာန့်လိုလူယုတ်မာ လက်ထဲမထည့်နိုင်လို့"

သူ့အားလူယုတ်မာဟုသမုတ်သွားလေသောညီမဖြစ်သူအားဒေါသထွက်ရင်းဖြင့်ပင်တစ်ယောက်တည်းကျန်ခဲ့ရ
လေသည်။

ခွန်းမရှိတော့ဘူးဟူသောအသိကဘာကြောင့်ရယ်မသိ၊သူ၏နှလုံးသားကိုငရဲမီးတမျှပူလောင်စေသည်။ ဦးခေါင်းတစ်ခုလုံးသာမကနှလုံးသားတစ်စုံကပါလောင်မြိုက်လာခဲ့၏။ အဆမတန်လှုပ်ရှားနေသော ဝဲဘက်ရင်အုံအား ခေတ္တမျှငြိမ်အောင် သူမစွမ်းဆောင်မိ။ပျောက်သောသူအားရှာဖွေရန်အတွက်သာစိတ်စောနေမိသည်။ခွန်းကိုရှာနိုင်ရန်အတွက်ဦးစွာသတိရမိသည်ကထက်ဝီရ၊ပူလောင်နေသောရင်ကိုမျက်ကွယ်ပြုကာကားကိုအရှိန်အမြင့်ဆုံးတင်၍ဒေါသစိတ်တို့သည်ထက်ဝီရဆီသို့သာဦးတည်လျက်အပြေးနှင်လာခဲ့သည်။ထိုအိမ်ရှေ့သို့ရောက်သော်လည်းမဆက်မပြတ်ဟွန်းတီးနေမိသည်။ရင်ဘတ်တစ်ခုလုံးသံစုံတီးဝိုင်းတို့ဖြင့်ဗလောင်ဆူနေ
သောအတ္တလူသားတစ်ဦးအဖို့ တစ်စက္ကန့်ဟူသောအချိန်အတိုင်းအတာလေးသည်တစ်ကမ္ဘာလောက်ပင်ရှိနေသကဲ့သို့သူမှတ်ထင်မိသည်။စိတ်မရှည်တော့သည်နှင့်ထိုအိမ်ခြံတံခါးကိုပင်ကားဖြင့်တိုက်ကျုံးတော့လေသည်။ထို့နောက်ခြံတံခါးကိုလျင်မြန်စွာဖွင့်ပေးလိုက်သော
ခြံစောင့်ကြောင့်ခြံထဲသို့ဝင်လာသောကားနှင့်အတူ
ထက်ဝီရထံသို့နတ်ဆိုး တစ်ကောင် ရောက်ရှိလာခဲ့သည်။

Hate fire ( Zawgyi and Unicode) Where stories live. Discover now