part 25

22K 1.8K 134
                                    

ဦးထွဋ်ခေါင်၏အိမ်၌ ခွန်း မရှိတော့သောကြောင့် ထက်ဝီရထံမှ အကူအညီများစွာ မရရှိခဲ့၍ စီးပွားရေး အခက်အခဲတို့မှာပို၍ပင်ကျပ်တည်းလာရသည်။ စေတမာန့် ထံသို့ရောက်နေသော ခွန်းအားစေတမာန်ကိုယ်တိုင် ကန်ထုတ်နိုင်အောင် မိန်းမ နှင့်သားတစ်ယောက်ရှိသည်ဟူသော လုပ်ကြံ ဇာတ်ခင်းသော်လည်း ယခင်အခြေအနေအတိုင်းပင်။ ထူးခြားစွာပြောင်းလဲသွားခြင်းမရှိပေ။

"ခွန်း ပြန်ရောက်လာရင် ထက်ဝီရလက်ထဲ ထည့်လိုက်တာနဲ့ ငါတို့အားလုံးအဆင်ပြေပြီ"

"ခွန်းကိုဒီတိုင်းဆွဲခေါ်လာလို့မရဘူးလား၊ ဒယ်ဒီ... "

"ငတုံးကောင်... မင်း စေတမာန့်ကိုရင်ဆိုင်ရဲလား...
ခုချိန်မှာ စေတမာန်ဆိုတာ ငါတို့ တလောကလုံးရဲ့ ဘုရင်ဖြစ်နေပြီ၊ အထိနာထားတဲ့ကျားဆိုတော့ ထိလာတာနဲ့ကိုက်သတ်ဖို့ဝန်လေးမှာမဟုတ်ဘူး၊ ရဲလက်ထဲကိုလည်း စေတမာန်နဲ့ပတ်သက်တဲ့
အချက်အလက်တွေ ဘယ်လောက်ပေးပေး အကုန် လက်စပျောက်ကုန်တာချည်းပဲ၊ ငါတို့ကိုယ်တိုင်ကလည်း ဒီလောကရဲ့သားကောင်တွေပဲ မို့ ရဲတွေနဲ့အရမ်းကြီး လှုပ်ရှားလို့လည်းမရပြန်ဘူး"

"အဲဒါတော့ ဟုတ်တယ်နော်၊ စေတမာန်ဆိုတဲ့ကောင်က ဦးခက်မာန်နဲ့မိုးတမာန် တို့ထက် အဆ ၁၀၀ လောက် ထက်နေတယ်၊ ဒီလောကမှာလည်း သူ့စကားတစ်ခွန်းက အမိန့်တစ်ခုလိုဖြစ်နေပြီ၊ သူ့ ခွင့်ပြုမိန့်မပါရင် လှုပ်ရှားလို့မရသလောက် နေရာတိုင်းမှာသူ့အာဏာကြီးပဲ၊ လွန်ခဲ့တဲ့သုံးနှစ်ထဲက အပြတ်ရှင်းလိုက်ရင်ပြီးရော... ဒယ်ဒီက သဘောတွေစွတ်ကောင်းနေတာကို..."

"ငါသဘောကောင်းပြီး စေတမာန့်ကို လွှတ်ပေးလိုက်တယ်ထင်လို့လား၊ ခက်မာန်နဲ့ မိုးတမာန်ကိစ္စကို ခွန်းစစ် အကုန်သိထားတယ်၊ သူ့လင် စေတမာန့်ကိုပါ အပြတ်ရှင်းလိုက်ရင် ခွန်းစစ်ဆိုတဲ့ မီးစ လေးက ငါတို့တစ်မိသားစုလုံးကို ပြာကျသွားစေလိမ့်မယ် ... " 

သတိုးသည် အလိုမကျသည့်ဟန်ဖြင့် သက်ပြင်းချပြီးနောက်မှ အကြံရသွားပုံဖြင့် မျှော်လင့်ချက်မဲ့နေသော မျက်လုံးတို့က ပြန်၍အရောင်လက်လာသည်။ ဆူပုပ်နေသော နှုတ်ခမ်းတို့က ကွေးညွတ်ကာပြုံးယောင်သန်းလာသည်။ သို့သော် ကောက်ကျစ်စဉ်းလဲသော အပြုံးမျိုး၊ ကောက်ကျစ်စဉ်းလဲသော မျက်ဝန်းမျိုး...။

Hate fire ( Zawgyi and Unicode) Where stories live. Discover now