part 53

20.7K 1.9K 167
                                    

"တစ်ခုလောက်မေးလို့ရမလား...ဇွဲထက် "

မိုးတမာန်သည် ဇွဲထက်ရှေ့၌ခြေတစ်ဖက်ချိတ်လျက်ထိုင်ကာစကားဆိုလေ၏။ရှေ့တွင်ထိုင်နေသောဇွဲထက်၏မျက်နှာအနေအထားအား မိုးတမာန်အကဲခတ်လျက်လက်ထဲမှဆေးလိပ်တိုကို
ပြာခွက်ထဲသို့ထိုးချေ လိုက်သည်။ထိုအခြေအနေထိဇွဲထက်၏မျက်လုံးများကသူ့အား
အကြည့် ချင်းမဆုံနိုင်ခဲ့သည်ကိုမိုးတမာန်သတိထားခဲ့မိလေသည်။စကားပြန် ထွက်ပေါ်မလာသော်လည်း သူပြောလိုသည့်စကားကိုသာ ဆက်လေ၏ ။

"အင်း...ငါအက်ဆီးဒင့်ဖြစ်တဲ့နေ့ကအပြင်မသွားခင်ခွန်းစစ်ဆီကဖုန်းဝင်လာတယ်၊ ငါ့ကားကို တစ်ခုခုလုပ်ထားကြတယ်တဲ့...သူပြောတာကို ငါမယုံခဲ့ဘူး၊ဘာလို့မယုံတာလဲသိလားဇွဲထက်...ငါ့ကားနဲ့ပတ်သက်တာမှန်သမျှမင်းစစ်ခဲ့တာမို့...မင်းကိုယုံကြည်ခဲ့လို့၊ခွန်းစစ်ပြောတာကိုငါမယုံခဲ့တာ"

မိုးတမာန်၏တိုးညှင်းသောလေသံသည်ဇွဲထက်စိတ်ကိုအဆုံးစွန်သို့ခြောက် ခြားစေခဲ့သည်။အဲယားကွန်းဖြင့်အေးလွန်းလှသောအခန်းလေးထဲမလှုပ်မယှက်ထိုင်နေသောဇွဲထက်၏နဖူးထက်၌ချွေးစေးတို့ပြန်နေပြီ၊မတည်ငြိမ် သောမျက်လုံးအစုံတို့ကမိုးတမာန်၏မသင်္ကာစိတ်ကိုပို၍ပင်အားပေးနေသောသက်သေတစ်ခုဖြစ်လာခဲ့သည်။ သူသည် ကြောက်စိတ်ကိုတွန်းဖယ်ကာ အံတင်းတင်းကြိတ်လျက်...

"ကိုမိုးကကျွန်တော်လုပ်တယ်ထင်နေတာလား၊ခွန်းစစ်ကအဲ့လိုဖုန်းလေးဆက်ပြီးသတိပေးလိုက်တိုင်း သူလုပ်တာမဟုတ်တော့ဘူးလား၊ အဲ့ကောင် ဘယ်လောက်ဥာဏ်များလဲကိုမိုးမသိတော့ဘူးလား၊ဥာဏ်နီဥာဏ်နက်နဲ့မာယာတွေထုတ်သုံးပြီးကိုမာန့်ကို တောင်ရအောင်ယူနိုင်ခဲ့တာပဲလေ "

"ခွန်းစစ်က မာယာနဲ့လှည့်ဖျားတိုင်းငါ့ညီက အလိုလိုပါသွားရအောင် စေတမာန်က ငတုံးလား၊ ငါ့အထင်တော့သူကိုယ်တိုင်ကခွန်းစစ်ကို ချစ်နေခဲ့တာပဲ"

"မဟုတ်ဘူး၊ ကိုမာန့်ကိုခွန်းစစ်က ဖြားယောင်းသွေးဆောင်ခဲ့တာ၊ သူ့ခန္ဓာကိုယ်နဲ့ ရင်းပြီးတောင်ကိုမာန့်ကိုမြှူစွယ်ခဲ့တာ"

"မပင်ပန်းဘူးလားဇွဲထက်...ကိုယ့်ကိုမမြင်တဲ့လူတစ်
ယောက်ကိုလှည့် ကြည့်လာမလားလို့မျှော်လင့်နေရတာမပင်ပန်းဘူးလား၊မင်းလက်လွှတ်သင့်တယ်လို့ငါထင်တယ်၊ မာန့် အနားကနေလည်းထွက်သွားသင့်တယ်၊ မာန်သာ တစ်ခုခုသိသွားခဲ့ရင်မင်းကိုဒီတိုင်းထားမယ် ထင်နေလား"

Hate fire ( Zawgyi and Unicode) Where stories live. Discover now