part 16

22.3K 1.9K 120
                                    

မဟုတ္မမွန္ေသာစကားမ်ားျဖင့္ေကာက္က်စ္ေလသူ
ဦးထြဋ္ေခါင္သည္လည္း သူ၏တာ၀န္ၿပီးဆံုးသည္ႏွင့္လာရာလမ္းအတိုင္းသို႔လွည့္ျပန္သြားေလ၏။ထိုစကားမ်ား၏အက်ဳိးဆက္အတြက္ေစတမာန္၏ေဒါသမ်ား၊နာက်င္စြာေပါက္ကြဲမႈမ်ားအား ခြန္းတစ္ေယာက္ ရင္နင့္စြာခံစားရေပဦးေတာ့မည္။ ေဒါသေၾကာင့္ နီရဲေနေသာမ်က္လံုးမ်ား၏ အၾကည့္စူးစူးတို႔အား ခြန္း ခံႏိုင္ရည္မရိွေသာေၾကာင့္ ေခါင္းကိုသာ တြင္တြင္ငံု႔ထားလ်က္တုန္ယင္ေအးစက္ေနေသာလက္ကေလးႏွစ္ဖက္အားပြတ္တိုက္ေနမိသည္။ႏႈတ္ခမ္းခြၽန္ခြၽန္ေလးမွာလည္း အျဖဴေရာင္လႊမ္း၍ေနေလၿပီ။

တိတ္ဆိတ္ေနေသာေလထုသည္ ခြန္းအတြက္ပို၍ေၾကာက္ဒူးတုန္ေစျပန္၏။ ေခါင္းေလးအားမရဲတရဲေမာ့ကာ ....

"ခြန္း ရွင္းျပပါရေစ ကိုကို... ေဖေဖ ဘာလို႔ အဲ့လိုေျပာသြားလဲ ခြန္း မသိဘူး ၊ ခြန္း ဘယ္မိ္န္းမနဲ႔မွလည္း မပတ္သက္ခဲ့ဘူး "

"မပတ္သက္ဘဲ အဲ့ကေလးကဘယ္က ထြက္က်လာတာလဲ "

"ခြန္းမသိဘူး... ခြန္း မွ မိန္းမေတြ မႀကိဳက္တာဘဲ ကိုကိုရယ္... "

"ဘယ္အခ်ိန္ထိ ငါ့ကိုလွည့္စားဖို႔စဥ္းစားထားလဲ ခြန္းစစ္...ငါေလ... မင္းကိုအရမ္းမုန္းတယ္ ။ဒါေပမယ့္ ငါ့ကိုအရမ္းခ်စ္တဲ့လူနဲ႔ေတာင္ငါ့ခႏၶာကိုယ္မၿငိစြန္းခဲ့ဘူး၊ ဘာလို႔လဲသိလား၊ အဲ့ဒီ္လူက မင္းမဟုတ္ခဲ့လို႔... "

"မင္းငါ့ကို ထပ္ၿပီးအယံုမသြင္းပါနဲ႔ေတာ့...ငါဆိုတာ အရင္ကခပ္တံုးတံုး ေစတမာန္ မဟုတ္ေတာ့ဘူး "

ထိုစကားမ်ားအားၾကားမိသည္ႏွင့္ခြန္းရင္ထဲ၌၀မ္းသာမႈ
ႏွင့္ ယွဥ္တြဲကာ ၀မ္းနည္းမႈ ဟူသည့္ ခံစားမႈနွစ္မ်ဳိးေရာယွက္သြားေလ၏။ခ်စ္ရသူမွာမည္သူႏွင့္မွ်ၿငိစြန္းခဲ့ျခင္းမရိွသည္ကိုသိရ
ေသာေၾကာင့္၀မ္းသာေသာခံစားမႈတို႔ျဖစ္ေပၚလာေသာ္လည္း ခ်စ္ရသူ၏အထင္လြဲမႈအားထပ္မံ ႀကံဳေတြ႕ရေသာေၾကာင့္ ၀မ္းနည္းမႈ ျဖစ္ေပၚလာရျပန္သည္။

ေက်းဇူးတင္ပါတယ္ေဖေဖ...ေဖေဖ့လုပ္ရပ္ေၾကာင့္ျမဴတမႈန္စာေလာက္က်န္ေနေသးတဲ့ ကိုကို႔အခ်စ္ေတြျမင္ေတြ႕ခဲ့ရလို႔...ကိုကို႔အခ်စ္ေတြျပန္ရဖို႔ ခြန္းမွာေမွ်ာ္လင့္ခ်က္ရိွသြားျပီ။  ခြန္း ခ်စ္သူကိုလုယူဖို႔ၾကိဳးစားေနတဲ့ ကိုဇြဲထက္ကို ျပန္တိုက္ခိုက္ဖို႔အတြက္ ကိုကို က ခြန္းကို အခ်စ္အားေတြေပးလိုက္ေလၿပီ... ။

Unicode

မဟုတ်မမှန်သောစကားများဖြင့်ကောက်ကျစ်လေသူဦးထွဋ်ခေါင်သည်လည်းသူ၏တာဝန်ပြီးဆုံးသည်နှင့်လာရာလမ်းအတိုင်းသို့လှည့်ပြန်သွားလေ၏။ထိုစကားများ၏အကျိုးဆက်အတွက်စေတမာန်၏ဒေါသများ၊နာကျင်စွာပေါက်ကွဲမှုများအား ခွန်းတစ်ယောက် ရင်နင့်စွာခံစားရပေဦးတော့မည်။ ဒေါသကြောင့် နီရဲနေသောမျက်လုံးများ၏ စူးရဲနေသည့်အကြည့်တို့အား ခွန်းခံနိုင်ရည်မရှိစွာခေါင်းတို့ကိုသာတွင်တွင်ငုံ့ထားလျက်တုန်ယင်အေးစက်နေသောလက်ကလေးနှစ်ဖက်အားပွတ်တိုက်နေမိသည်။နှုတ်ခမ်းချွန်ချွန်လေးမှာလည်း အဖြူရောင်လွှမ်းနေလေပြီ။

တိတ်ဆိတ်နေသောလေထုက ခွန်းအတွက်ပို၍ကြောက်ဒူးတုန်စေသည်။ ခေါင်းလေးအားမရဲတရဲမော့ကာ ....

"ခွန်း ရှင်းပြပါရစေ ကိုကို... ဖေဖေ ဘာလို့ အဲ့လိုပြောသွားလဲ ခွန်း မသိဘူး ၊ ခွန်း ဘယ်မိန်းမနဲ့မှလည်း မပတ်သက်ခဲ့ဘူး "

"မပတ်သက်ဘဲ အဲ့ကလေးကဘယ်က ထွက်ကျလာတာလဲ "

" ခွန်းမသိဘူး... ခွန်းဘာမှမလုပ်ခဲ့ဘူး"

"ဘယ်ချိန်ထိ ငါ့ကိုလှည့်စားဖို့စဉ်းစားထားတာလဲ ခွန်းစစ်...ငါလေ... မင်းကိုအရမ်းမုန်းတယ်..ဒါပေမယ့်ငါ့ကိုအရမ်းချစ်တဲ့လူနဲ့တောင်ငါ့ခန္ဓာကိုယ်မငြိစွန်းခဲ့ဘူး၊ ဘာလို့လဲသိလား၊ အဲ့ဒီ်လူက မင်းမဟုတ်လို့ "

"မင်းငါ့ကို ထပ်ပြီးအယုံမသွင်းပါနဲ့တော့ ခွန်းစစ်...ငါဆိုတာ အရင်ကခပ်တုံးတုံး စေတမာန် မဟုတ်တော့ဘူး "

ထိုစကားများအားကြားမိသည်နှင့်ခွန်းရင်ထဲ၌ဝမ်းသာမှုဝမ်းနည်းမှုဟူသော ခံစားမှုနှစ်မျိုးရောယှက်သွားလေ၏။ချစ်ရသူမှာမည်သူနှင့်မျှငြိစွန်းခဲ့ခြင်းမရှိသည်ကိုသိရသောကြောင့်ဝမ်းသာသောခံစားမှုတို့ဖြစ်ပေါ်လာသော်လည်း ချစ်ရသူ၏အထင်လွဲမှုအားထပ်မံ ကြုံတွေ့ရသောကြောင့် ဝမ်းနည်းမှု ဖြစ်ပေါ်လာရပြန်သည်။

ကျေးဇူးတင်ပါတယ်ဖေဖေ...ဖေဖေ့လုပ်ရပ်ကြောင့်မြူတမှုန်စာလောက်ကျန်နေသေးတဲ့ ကိုကို့အချစ်တွေမြင်တွေ့ခဲ့ရလို့...ကိုကို့အချစ်တွေပြန်ရဖို့ ခွန်းမှာမျှော်လင့်ချက်ရှိသွားပြီ။  ခွန်း ချစ်သူကိုလုယူဖို့ကြိုးစားနေတဲ့ ကိုဇွဲထက်ကို ပြန်တိုက်ခိုက်ဖို့အတွက် ကိုကို က ခွန်းကို အချစ်အားတွေပေးလိုက်လေပြီ... ။

Unicode


























Hate fire ( Zawgyi and Unicode) Where stories live. Discover now