part 38

22.5K 2K 165
                                    

တဖြည်းဖြည်းပူလာသောဗိုက်မှာဖုံးမရဖိမရနှင့်နောက်ဆုံး၌ရွာထဲရှိတချို့သောရွာသူရွာသားများ၏ အထင်အမြင်သေးသောအကြည့်များကြားကလေး အတွက်အားတင်းကာခွန်းနေထိုင်ရလေသည်။ယောက်ျားတန်မဲ့ဗိုက်ကြီးတကားကားနှင့်ဟူသော ရွံရှာသည့်အကြည့်များကြား၌ ကိုဖြိုးသည် ခွန်းကိုကာကွယ်ရင်းဖြင့် ရွာထဲရှိလူများနှင့်မတည့်ချင်တော့ပေ။

'တစ်ရွာလုံးနဲ့တစ်ယောက်ဖြစ်ချင်ဖြစ်ပါစေခွန်းစစ်ရယ်မင်းကိုငါကာကွယ်ပေးနိုင်ပါတယ်။မင်းကငါ့ညီလေးလုပ်ပေးပေါ့၊မွေးလာမယ့်ကလေးလေးကိုလည်း ငါက သူ့ဦးလေးပါလို့ မင်းကပြောပေးလေနော်'

ဟု ကိုဖြိုးဆိုလေတိုင်း မျက်ရည်ကျသည်အထိခွန်းပျော်မိသည်။ခွန်းဘ၀တွင်ခွန်းနှင့်ကလေးလေးနှစ်ယောက်ထဲမဟုတ်တော့၊ကြီးစိုနှင့်ကိုဖြိုးတို့နှစ်ဦးသည်လည်းခွန်းဘ၀၏တစိတ်တပိုင်းများဖြစ်လာလေပြီ...။ကိုဖြိုးနှင့်ကြီးစိုတို့၏ ကူညီဖေးမမှုများဖြင့် အသက်မသေရုံတမယ် ကိုကို့ရင်သွေးလေးကို ခွန်းလူ့လောကထဲသို့ခေါ်ဆောင်နိုင်ခဲ့သည် ။ ကိုယ်ဝန် ရှိကြောင်း သိသွားချိန်၌လည်း ပြစ်တင်ဝေဖန်ခဲ့သောတချို့သောရွာသူရွာသားများသည် ကလေးမွေးပြီးသည့်အချိန်ထိအတင်းအဖျင်းဖြင့်နှုတ်ဆက်နေကြမြဲ။ကိုယ်ချင်းစာတရား
ဖြင့်ကူညီဖေးမပေးသောရွာသူရွာသားများကလည်းခွန်းဘက်မှမခံမရပ်နိုင်ဖြစ်ကာနေ့စဉ်နှင့်အမျှသတ်ပွဲများဖြစ်နေဆဲ၊ခွန်းကြောင့်ဖြစ်သောရန်ပွဲတိုင်းတွင်ကိုဖြိုးပါဝင်နေဆဲပင်၊အတင်းအဖျင်းဖြင့်ထိုးနှက်ကြသောသူများသည် စာနာစိတ်ကင်းလွတ်နေသူများလား၊ခွန်းအပြစ်မတင်လိုတော့ပါ။မွေးလမ်းကြောင်းပါသောမိန်းမတစ်ယောက်ပင်ကလေးမွေးရန်ခက်ခဲလှသောထိုရွာငယ်လေးထဲ၌မွေးလမ်းကြောင်းမပါသည့်ယောက်ျားလေးကိုယ်ဝန်ဆောင်တစ်ဦးအတွက်အလွန်တရာမှခက်ခဲလွန်းလှ၏။ဝေးလံလှသောရွာများသို့ညတွင်းချင်းမကြောက်မလန့်ဖြင့်ဆိုင်ကယ်တစ်စီးဖြင့်ပြေးကာတဖက်ရွာမှဆရာဝန်ပင့်ခဲ့သော ကိုဖြိုး၏ကျေးဇူးများကိုခွန်းဆပ်၍ပင်ကုန်မည်မဟုတ်။ ဆေးရုံကဲ့သို့နေရာမျိုး၌ ခွဲမွေးရမည့် ခွန်းသည် ယိုင်နဲ့နဲ့အိမ်အိုတစ်လုံး၌ အစိမ်းသက်သက်ဗိုက်ခွဲခံခဲ့ရလေ၏။ဆေးဝါးအစုံအလင်အကူအညီမပါသောကြောင့် ထုံဆေးမပြောလေနှင့်၊ မေ့ဆေး ဆိုသည်မှာဝေးလေစွ။ အရှင်လတ်လတ်ဗိုက်ခွဲခံနေရသောနာကျင်မှုများကအူဝဲဟူသောအသံစူးစူးလေးတချက်ကြားသည်နှင့်နာကျင်မှုတို့ကင်းဝေးခဲ့ရပြီ။လွင့်မျောချင်သောစိတ်ဝိညာဉ်ကိုထိုအသံလေးကခန္ဓာကိုယ်အတွင်းသို့ဆွဲဆောင့်ပစ်ထည့်လိုက်သလို...ခဏခဏသေချင်နေခဲ့သောခွန်းသည်ထိုအချိန်လေးတွင်တော့သေရမည်ကိုကြောက်မိသည်။ကလေးငယ်၏မျက်နှာလေးကိုမြင်ချင်သေးသည်။ကလေးလေးမျက်နှာဘယ်လိုပုံရှိလေမလဲ၊ကိုကိုနှင့်တူ၍ပါးချိုင့်လေးများ ပါလာလေမလား၊ ခွန်းနှင့်တူသောကြောင့်ပင် ကလေးငယ်ဟာ ဖြူစုတ်စုတ်ဖြစ်နေလေမလား၊သေမင်းနှင့်တိုက်ပွဲဝင်နေရသောခွန်းသည်အားအင်တို့ယုတ်ချည်းကုန်ဆုံးကာထိုသေမင်းအားအရှုံးပေးရတော့မည့်အချိန်၌ အူဝဲ ဟူသော အသံစူးစူးလေးနှင့်အတူ ကြီးစို၏ ယောက်ျားလေးဟဲ့ ဟူသောအသံတို့ကထိုသေမင်းကိုအနိုင်ပိုင်းလိုက်သည့်နှယ်။လေးလံနေသောမျက်ခွံ တို့ကိုဖွင့်ကြည့်ရန်မှာလွယ်ကူလွန်းနေသည်က သားလေး၏ ငိုသံကြောင့်ပေလား...။ခွန်းမျှော်လင့်မိသည့်အတိုင်းပင်။သားလေး ရယ်လိုက်ချိန်တိုင်းအရွယ်နှင့်မလိုက်စွာ ထင်းနေသည့်ပါးချိုင့်နှစ်ခွက်မှာကိုကိုနှင့် ပုံတူထုထားသလို၊ အသားအရည်တို့မှာခွန်းနှင့်တူစွာ ဖြူလွန်းလှပါ၏။ ပေါင်ချိန်ပြည့်လွန်းသောသားလေးသည် သေးသေးလေးတော့မဟုတ်ခဲ့၊ တလုံးတခဲနှင့် တုတ်တုတ်ခိုင်ခိုင်ကြီးဖြစ်သည်။ သားလေးမျက်နှာ မြင်ရသည်နှင့်ဝမ်းဗိုက်မှနာကျင်မှုမှာ ဗိုက်ခေါက်လိမ်ဆွဲခံရသလောက်ပင်။ ၀ိုင်းစက်လှသောမျက်နှာပြည့်ပြည့်နှင့်သားလေးကငိုသည့်အချိန်ပင်ရှားလှသည်။

Hate fire ( Zawgyi and Unicode) Where stories live. Discover now