part 21

21K 1.7K 55
                                    

ဝမ်းဗိုက်မှဓားဒဏ်ရာဖြင့် ဆေးရုံပေါ်၌ အသိမဲ့စွာလဲလျောင်းနေသော ကောင်ငယ်လေး၏လက်ကလေးတစ်ဖက်အားနူးညံ့စွာဆုပ်ကိုင်ထားလေသောထက်ဝီရ...။ခွန်း၏ဖြူဖျော့ဖျော့မျက်နှာလေးကိုသာသူငေးစိုက်ကြည့်
နေလေ၏။ထိုမျက်နှာလေးအားအကြည့်တစ်ချက်လွှဲမိ၍ပျောက်ပျက်သွားမည်ကိုပင်သူစိုးထိတ်မိလေသည်။ထိုကောင်လေး၏ချစ်စရာဝိညာဉ်ဖြူလေးမှာတော့ အချုပ်ခန်းလေးတစ်နေရာ၌ တရားခံအဖြစ်စွပ်စွဲခံထားရသော နှလုံးသားတစ်ခုလုံးနာကျင်နေသည့်ယောက်ျားတစ်ဦး၏နံဘေးသို့ရောက်နေသည်ကိုတော့ မည်သူမျှသိနိုင်မည်မဟုတ်ပေ... ။

"ကိုယ်တောင်းပန်ပါတယ် ခွန်း...စေတမာန့်ကို အရမ်းချစ်တာပဲလား၊ ခွန်းရယ် "

သတိမလည်လာသေးသောခွန်း၏လက်ကလေးများအားဆုပ်ကိုင်ရင်းဖြေသူမဲ့နေသည့်မေးခွန်းများကိုသာအရူးတစ်ယောက်ကဲ့သို့မေးနေမိသည်။ ခွန်းအပေါ်ထားရှိသောသူ၏အချစ်တို့စစ်မှန်ခဲ့သော်လည်းပိုင်ဆိုင်လိုစိတ်အပြည့်နှင့် အတ္တတို့ကသာ ဖုံးလွှမ်းနေခဲ့သောထိုလူသားသည် သူ၏အတ္တများကြောင့် ချစ်ရသူ အားနာကျင်စေမိလေပြီ... ။

" ကို ကို... "

သတိရလာလေသောခွန်း၏ခြောက်သွေ့ကွဲအက်နေသောနှုတ်ခမ်းလေးများမှ ပထမဆုံးထွက်ပေါ်လာခဲ့သော နာမ်စားလေး... ။ 'ကိုကို ' ဟူသော ထိုနာမ်စားပိုင်ရှင်သည်သူအမုန်းဆုံးလူသား၊ဘ၀တွင်အရင်းနှီးဆုံးရန်သူတစ်ဦးသာ... ။

"ငါမင်းကိုမုန်းတယ် စေတမာန် အရမ်းမုန်းတယ် "

သူ၏ဘ၀၌ စေတမာန်သည် အမုန်းဆုံးလူသားဖြစ်ခဲ့ကြောင်းကိုခပ်တုံးတုံး စေတမာန်တောင်သိလိုက်မည်မဟုတ်ပေ။ငယ်စဉ်ကတည်းကမိဘနှစ်ပါး၏ ဖိအားများကြားရှင်သန်ခဲ့ရသောသူသည်ဝမ်းနည်းချိန်၊အားငယ်ချိန်တိုင်း တိုင်ပင်နှီးနှောရင်ဖွင့်ခဲ့ရသောအချစ်ဆုံးသူငယ်ချင်းသည်အမုန်းဆုံးရန်သူအဖြစ်သို့ပြောင်းလဲသွားခဲ့ချေပြီ။ဘယ်လိုစွမ်းအားမျိုးတွေများအမုန်းတရားအဖြစ်ဖန်တီး
ပေးခဲ့ပါလိမ့်... ။

"ထက်ဝီရ...တစ်ခါလာလည်း နှစ် ၊ တစ်ခါလာလည်း နှစ် ၊ ဘယ်အချိန်မှ တစ် ဖြစ်လာမှာလဲ... "

Hate fire ( Zawgyi and Unicode) Where stories live. Discover now