part 18

21.2K 1.8K 62
                                    

ထိုနေ့က ကားမမောင်းတတ်သော ခွန်းကို ဘေးတွင်ထားကာသတိုးကိုယ်တိုင်မောင်းနှင်လျက်စေတမာန်၏ကားနောက်သို့မျက်ခြေမပြတ်လိုက်ခဲ့သည်။အနားတွင်ငြိမ်သက်စွာထိုင်နေသောခွန်းအားမျက်မှောင်ကုတ်ကာအလိုမကျသည့်ဟန်ဖြင့်လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။သတိုးသည်ငယ်ရွယ်စဉ်အချိန်မှစ၍ အမေဖြစ်သူ၏ အမုန်းနယ်လွန်နေသော စကားများအားရိုက်သွင်းခံထားရသူလည်းဖြစ်ပေ၏။ ငယ်စဉ်ကတည်းက ခွန်း အရိုက်ခံရလျှင်သတိုး ပျော်သည်။ ခွန်း ဒဏ်ရာတွေကိုမြင်လျှင်သတိုးပျော်သည်။ခွန်းကြောင့်မိဘနှစ်ပါးရန်ဖြစ်နေသည်ကိုမြင်သော
ကြောင့်ခွန်းကိုရေနှစ်သတ်ခဲ့ဖူးသည်။သတိုးဦးနှောက်ထဲတွင် ခွန်းကိုမုန်းရမည်ဟူသောအသိတို့ကသာ ကြီးစိုးနေဆဲပင်။
ကော်ဖီဆိုင်ရှေ့၌ကားရပ်ထားသောစေတမာန်ကြောင့်သတိုးအကြံအစည်တို့ချက်ချင်းပင်အထမြောက်ကာစေတမာန်၏ကားအား တမင်ရည်ရွယ်၍၀င်တိုက်လိုက်လေသည်။

"သွား... ငါသင်ပေးထားတဲ့အတိုင်းပြော၊ စကားအပိုတွေမပြောနဲ့... ကြားလား "

" ဟုတ် "

ခွန်း၏အေးစက်နေသောလက်လေးများသည်စေတမာန်၏ကားမှန်တံခါးအားခေါက်ပြီးနောက်တွင်ကားပေါ်မှဆင်းလာသောသူ၏မျက်နှာချောချောအား ခွန်း ငေးကြည့်နေမိသည်။ ယောက်ျားပီသစွာဖြင့် သူ၏ ခန့်ညားမှုသည် ခွန်းနှင့်ခြားနားစွာ တည်ကြည်သောဟန်အပြည့်ဖြင့် ကျော့ရှင်းလှသည်။ ယောက်ျားတစ်ယောက်ရှိသင့်သောအရပ်ထက် ပိုမြင့်နေသောထိုလူသည် ပိန်သွယ်သွယ်မဟုတ်ချေ။ရှပ်အင်္ကျီအနက်ရောင်လေး၌ကြယ်သီးလေးများပြုတ်၍လစ်ဟာနေသော နေရာများတွင် တောင့်တင်းလှသောရင်ဘတ်ကြွက်သား
ဖွေးဖွေးလေးကဆွဲဆောင်မှုရှိလှသည်။ခွန်း၏ဘယ်ဘက်ရင်အုံမှအကောင်ပေါက်သည်လည်းအလိုက်မသိစွာခုန်ပေါက်သောင်းကျန်းနေလေ၏။သို့သော်ထိုလူ၏ ဖြူစင်သောမျက်လုံးကျဉ်းလေးများအား ခွန်း ရင်မဆိုင်ရဲခဲ့ပေ။ ခွန်း ငေးကြည့်မိနေသော ထိုလူသား၏အစိတ်အပိုင်းတို့တွင်ကြည်လဲ့နေသော မျက်ဝန်းလေးများ မပါခဲ့ပါလေ...။ကိုယ်တိုင်က မရိုးသားစွာ ချဉ်းကပ်လာသူ ဖြစ်နေရာ ထိုလူသား၏ ဖြူစင်သော အကြည့်တို့ကို ရင်မဆိုင်ရဲလှပါ ။ထိုလူပေးလိုက်သောကတ်ပြားလေးမှ ဖုန်းနံပါတ်ဟူသော နံပါတ်လေးများအား ကြိမ်ဖန်များစွာရေရွတ်ကာ အလွတ်ကျက်နေလေ၏။ ထိုဖုန်းနံပါတ်အား အိမ်ဖုန်းဖြင့်နှိပ်နေမိသည်မှာ မရေမတွက်နိုင်အောင်ပင် ရှိတော့မည်။ ထိုကိစ္စအား မည်သူမျှ စေခိုင်းခြင်းမပြုပါဘဲခွန်းလုပ်နေမိသည်။ကတုန်ကယင်လက်ကလေးများဖြင့်အိမ်ဖုန်းမှနံပါတ်အသီးလေးများအားတို့ထိနေမိသည်။အတွေးနယ်ကျွံနေ၍သူ့အားကြည့်နေသည့်သူကိုပင်မတွေ့မမြင်နိုင်တော့ပေ။ရုတ်တရက်ထွက်ပေါ်လာသော သတိုး၏အသံကြောင့် လက်ထဲမှကိုင်ထားသော ကတ်ပြားလေးလွတ်ကျသွားခဲ့လေ၏။

Hate fire ( Zawgyi and Unicode) Where stories live. Discover now