part 17

22K 1.9K 96
                                    

ဤကမ္ဘာမြေကြီးသည် ခွန်း မွေးဖွားလာသည့်အချိန်မှစ၍ ထိုမြေကမ္ဘာအမှောင်ဖုံးခဲ့လေသလား။ခွန်းထင်သည်မှာမမှားလျှင်ကမ္ဘာမြေကြီးသာမကဖခင်ဖြစ်သူ၏အေးချမ်းသာယာနေသော မိသားစုလေးပါမကျန်မုန်တိုင်းထန်ခဲ့ပေလိမ့်မည်။ဦးထွဋ်ခေါင်နှင့်ဒေါ်နန်းမဒီတို့၏မိသားစုဘ၀လေးတွင်နှင်းဆီနှင့်သတိုးဟူသောလေးနှစ်အရွယ်ကလေးငယ်များ
နှင့်သာယာလှပစွာတည်ရှိခဲ့ကြ၏။ထိုမိသားစုလေးထဲသို့'သက်ထား'ဟူသောအိမ်အကူ
မိန်းကလေးရောက်လာသည့်အချိန်မှစ၍ကမောက်ကမဖြစ်ခဲ့ရလေသည်။သက်ထား၏ငယ်ရွယ်နုပျိုသောအလှအပများကြား၌ ဦးထွဋ်ခေါင် နစ်မျောကာအိမ်ထောင်ရေးဖောက်ပြန်ခြင်း လှေကိုအတူစီးမျောခဲ့ကြသည်။

"ကိုကြီး သက်ထားမှာကိုယ်ဝန်ရှိနေပြီ "

"ဘာ...မဖြစ်ဘူး သက်ထား...ဖျက်ချလိုက် "

ခွန်းဘ၀၏အစနိဒါန်းသည်မိခင်၏၀မ်း၌သန္ဓေတည်စအချိန်ကတည်းကဖခင်၏ရက်စက်စွာပြုမူခြင်းများနှင့်အစပြုခဲ့လေသည်။ခွန်း ဟူသော လူသားလေးတစ်ယောက် လူဖြစ်လာရခြင်းသည်မိဘများအတွက်ဆူးငြောင့်ခလုတ်ဖြစ်စေခဲ့သည်လား။မိခင်ဖြစ်သူမှာခွန်းအားလူ့လောကအလယ်သို့်သတ္တိရှိစွာခေါ်ဆောင်လာခဲ့ပေးသော်လည်း ရင်အုပ်မကွာပြုစုစောင့်ရှောက်ပေးခြင်းတို့်အလျဉ်းမရှိခဲ့ပါလေ။ ဖခင်အပေါ်၌အမုန်းကြီးလွန်းနေသောမိခင်သည်အနှီးထုတ်နှင့်ကလေးလေးအားဖခင်၏ရင်ခွင်ထဲသို့ထိုးအပ်ကာစွန့်ခွာသွားခဲ့လေသည်။ထိုကလေးရောက်လာသည့်နေ့မှစ၍ ဦးထွဋ်ခေါင်နှင့်ဒေါ်နန်းမဒီတို့၏အိမ်ထောင်ရေး အဆင်မပြေခဲ့သောကြောင့် ထိုကလေးအား သား တစ်ယောက်အဖြစ်ပင် အသိအမှတ်မပြုခဲ့ပေ။ဒေါ်နန်းမဒီကိုယ်တိုင်သည်လည်းအငယ်အနှောင်းမှ မွေးသောကလေးအားမကြည်ဖြူသကဲ့သို့ သားသမီးနှစ်ဦးတို့ကိုလည်း ထိုကလေးအားမောင်လေး၊ညီလေးအဖြစ်သဘောမထားရန်ကလေးနှစ်ယောက်၏ နားထဲသို့ငယ်စဉ်ကတည်းကရိုက်သွင်းထားခဲ့လေသည်။ ခွန်း လူမှန်းသိတတ်စအရွယ်ကတည်းကထိုမိသားစု၏အစေခံအဖြစ်သာနေခဲ့ရလေ၏။ထိုမိသားစု၏ဝေယျာဝစ္စများအားအိမ်ကြီးရှိအိမ်အကူများနှင့်အတူ လုပ်ကိုင်ခဲ့ရသည်။ ခွန်း အတွက်အပြုံးဟူသည် အဖေတူအမေကွဲ အစ်မဖြစ်သူနှင်းဆီထံမှသာရရှိခဲ့လေသည်။ကျောင်းနေသည့်အရွယ်သို့ရောက်သော်လည်းပညာသင်ခွင့်မရှိသောခွန်းအားသနားလေ၍အစ်မဖြစ်သူနှင်းဆီမှာ မိဘများမသိအောင်စာသင်ပေးခဲ့ခြင်းဖြစ်သည်။ ခွန်းဘ၀၏ ပထမဦးဆုံးမျှော်လင့်ချက်အလင်းတန်းလေးသည်အသက်၁၇နှစ် ပြည့်သည့်နှစ်၌ စတင်လာခဲ့လေသည်ဟုဆိုနိုင်ပေလိမ့်မည်။

Hate fire ( Zawgyi and Unicode) Where stories live. Discover now