part 67

16.8K 1.4K 148
                                    

အလင်းရောင်စူးစူးကြောင့်မျက်မှောင်ကြုတ်ကာနိုးထလာခြင်းနှင့်အတူလက်တစ်ဖက်ပေါ်တွင်လေးလံသော အရာတစ်ခုအားခံစားမိသောကြောင့်
သတိုးထိုနေရာအားကြည့်မိလေ၏။ထို့နောက်သူ၏လက်ပေါ်တွင် ပါးတစ်ဖက်အားကပ်ကာမှောက်အိပ်နေသော
အချစ်ဆုံးလူသား၏ဖွာလန်ကြဲ နေသောဆံပင်များအား ကျန်လက်တစ်ဖက်ဖြင့်ညင်သာစွာ တို့ထိမိရင်း ဖြူဖျော့နေသောနှုတ်ခမ်းလေး ကွေးညွတ်သွားအောင် ပြုံးလိုက်မိသည်။

"ဟင်... သတိုး... နိုး... နိုး လာပြီ လား "

သူ၏ဆံပင်များအားအနူးညံ့ဆုံးထိတွေ့နေသောလက်ကလေးတစ်ဖက် အားဆုပ်ကိုင်ထားလိုက်သည်။ထိုကလေးငယ်၏ရှေ့တွင်ရှိနေရခြင်းက သူ့စိတ်သူပြန်၍မလုံမလဲဖြစ်မိသည်။အပြစ်ရှိသူတစ်ဦးသဖွယ်ခံစားရမှု ကြောင့်သတိုးအားမြင်မြင်ချင်းနှုတ်ဆက်သည့်စကား
တို့ကပင်အဆင်မချောနိုင်၊အထစ်အထစ်အငေါ့ငေါ့နှင့်အားနာဖွယ်မနက်ခင်းလေးတစ်ခုဖြင့်စတင်ခဲ့ရသည်။

"ဟို...ကိုထက်...အိပ်နေတယ်ထင်လို့ပါ၊ကျွန်တော့်ကိုစိတ်ဆိုးသွားလားဟင်! "

"ဘာလို့... ဘာလို့ကိုယ်ကစိတ်ဆိုးရမှာလဲ "

"ကိုထက် ဆံပင်ကိုကိုင်လိုက်မိလို့်ပါ၊ကျွန်တော်က ကိုထက်ခွင့်မပြုရင်အနားတောင် ကပ်ခွင့်မရှိခဲ့တဲ့သူ မဟုတ်လား"

သူ့အားခနဲ့နေသောစကားလုံးများအားတိုးလျ
ဖျော့တော့နေသောအသံကလေးဖြင့်ပြောလာသူ၊တခြားသူကြားပါကသေချာပါသည်။ ထိုကောင်လေး ခနဲ့နေသည်ဟုပင်ထင်ချေလိမ့်မည်။သို့သော်ငိုချင်နေသောစိတ်ကိုထိန်း ကာအားတင်းပြောနေရသည့်စကားများဖြစ်ကြောင်း
ထိုကောင်လေးနှင့်ငါးနှစ်နီးပါး သက်ဆိုင်ခဲ့ဖူးသူသာလျှင် သိပေလိမ့်မည်။

"နိုးနေပြီလား မောင်လေး... "

နှင်းဆီ၏အသံကြောင့်နှစ်ဦးစလုံးအသံလာရာဆီသို့ လှည့်ကြည့်မိကြသည်။ အနားရောက်လာသော နှင်းဆီကသတိုး၏လက်လေးတစ်ဖက်အား ဆုပ်ကိုင်လာလေ၏ ။

"မောင်လေး...ကိုထက်ကလေ...မောင်လေး သတိမေ့နေတဲ့အချိန် တုန်းက မောင်လေးအနားမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာ "

Hate fire ( Zawgyi and Unicode) Where stories live. Discover now