part 10

23.5K 1.9K 91
                                    

ဖခင်၏သတိပေးစကားများကြောင့် ခွန်းဖုန်းဆက်လျှင်မကိုင်ခဲ့သလို ခွန်း ပို့သမျှစာများကို လျစ်လျူရှုထားသည်မှာတပတ်ပင်ပြည့်လုနီးပါးရှိလေပြီ။ ထိုနေ့စွဲလေးများအတွင်းယောက်ျားလေးတစ်ယောက်အား သတိရသောစိတ်ကြောင့် မည်သည့်အလုပ်မျှ လုပ်ကိုင်နိုင်စွမ်း မရှိတော့သည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပေ။ အလုပ်ထိလိုက်လာသော ခွန်းအား ထွက်တွေ့ချင်ပါသော်လည်းဇွဲထက်မှတဆင့်အလုပ်ကိစ္စဖြင့်ခရီးထွက်နေသည်ဟုသာ လိမ်ညာခိုင်း ခဲ့သည်။ ညဘက်ရောက်လေတိုင်း ခွန်းခေါ်ထားသော
missed call များ ၊ ပို့ထားသောစာများကိုသာမရိုးနိုင်စွာကြိမ်ဖန်များစွာထပ်တလဲလဲဖတ်နေမိသည်။

"လူကြီးဘာလို့ဖုန်းမကိုင်တာလဲ "

"လူကြီးထမင်းစားပြီးပြီလား... ခွန်း ဒီနေ့လူကြီးဆီ လာသေးတယ်၊ လူကြီးခရီးထွက်နေတယ်တဲ့ "

"လူကြီးဖုန်းလည်းပြန်မခေါ်ဘူး၊ စာလည်းမပြန်ဘူး"

"ခုစာတွေဘယ်သူဖတ်နေတာလဲ၊လူကြီးဆိုခွန်းကို ခုလိုပစ်ထားမှာမဟုတ်ဘူး "

" လူကြီး ခင်ဗျားကြီး ကျုပ်ကိုမေ့သွားတာလား "

" လူကြီး အသံလေးတော့ကြားချင်တယ် "

" လူကြီးမရှိတော့ ကိုဇွဲထက်ကခွန်းကိုဆက်ဆံတာတစ်မျိုးပဲ၊ ခွန်း သူ့ကိုမခင်တော့ဘူး "

" လူကြီးခရီးသွားတာကြာလိုက်တာ"

ခွန်း ပို့ထားသမျှစာလေးများအားဖတ်ကာတွေ့ချင်စိတ်တို့ကအစိုးမရခဲ့ပေ။ မိန်းကလေးများကိုပင်စိတ်မ၀င်စားခဲ့သောသူသည
် ယောက်ျားလေးတစ်ယောက်ပို့်လာသောစာလေးများကိုကြည့်ရင်းအလိုလိုပြုံးမိသည်။မိန်းကလေးများကိုပင်ရင်မခုန်ခဲ့သောသူသည် ခွန်း နှင့်တွေ့လျှင်ရင်ခုန်သည်။ ခွန်း၏ ပါးဖောင်းဖောင်းလေးများကိုဆွဲညှစ်ချင်သည်။ ခွန်း နှုတ်ခမ်းဖူးဖူးလေးကိုထိတွေ့ချင်သည်။မတွေ့ရသည့်အချိန်ကာလငယ်အတွင်း ခွန်းကိုသာ မြင်ယောင်နေမိသည်။ အလုပ်ကိစ္စလက်မှတ်ထိုးရန် စာရွက်စာတမ်းများလာပေးသောဝန်ထမ်းကောင်မလေးအားရုတ်တရက်မော့ကြည့်ရင်းမှ ထိုကောင်မလေးမဟုတ်တော့ဘဲ ခွန်း ဖြစ်သွားလေ၏။ ဧည့်သည်များလာလျှင်ထိုင်ရန်အတွက်ပြင်ဆင်ပေးထားသောရုံခန်းအတွင်းမှဆိုဖာခုံများ ပေါ်တွင် ခွန်း ထိုင်နေသည်ကိုမြင်နေရသည်။ "လူကြီး " ဟူသောခေါ်သံလေးကိုလည်းကြားရသည်။ဝမ်းသာမှုဖြင့်ထိုနေရာသို့်ရောက်သွားသော်လည်းခုံသာ ရှိ၍ခွန်းတော့မရှိပါချေ။ သူကိုယ်တိုင်သည် ယောက်ျားလေးတစ်ယောက်ကိုစိတ်ဝင်စားနေသည့်ဂေးတစ်ယောက်ဖြစ်နေပြီလားဟုကြိမ်ဖန်များစွာစဉ်းစား၍အဖြေရှာနေမိလေသည်။ ထိုအဖြေအားသိရှိရန် သူ၏ဘ၀ပုစ္ဆာအဖြေအားရှာဖွေရန်gaybarမှကောင်
လေးတစ်ယောက်အား ငွေပုံပေးကာအသုံးချခဲ့လေ၏။

Hate fire ( Zawgyi and Unicode) Where stories live. Discover now