part 35

23.8K 2.2K 133
                                    

မနက်ဖြန်ဆိုလျှင်ထိုအိမ်ကြီးထဲမှခွန်းထွက်သွားတော့မည်။ထိုအိမ်ကြီးဆိုသည်ထက်အချစ်ခဲ့ရဆုံးလူသား၏အနားမှထာဝရပျောက်ကွယ်သွားရတော့မည်ဆိုလျှင်ပို၍ပင်မှန်
ပေလိမ့်မည်။ခွန်းထွက်သွားရန်မေသုမာန်ကိုယ်တိုင်စီမံပေးသော်လည်းခွန်းလက်မခံခဲ့ပေ။သူမသည်ခွန်းအပေါ်၌အစ်မရင်းတစ်ဦးသဖွယ် စာနာနားလည်ပေးခဲ့သူတစ်ဦးဖြစ်သော်လည်း ကိုကိုနှင့် ပတ်သက်နေသည့်သူဖြစ်နေသောကြောင့်ခွန်းလက်မခံနိုင်ခဲ့ပေ။နောင်တစ်ချိန်၌ ခွန်း ရှိသည့်နေရာအထိ ကိုကို လိုက်လာကာ ခွန်း၏ကလေးအား သတ်ပစ်မည်ကိုလွန်စွာကြောက်မိလေသည်။ ငယ်စဉ်ကတည်းကမိခင်မရှိ၊ ဖခင်မေတ္တာငတ်ခဲ့ရသော ခွန်းသည် အရွယ်ရောက်လာသည့်တိုင် ချစ်ရသူ၏ အမုန်းကိုသာခံယူခဲ့ရသူ၊ ခွန်း တွင်ပိုင်ဆိုင်မှုဟူ၍ဘာမျှမရှိ၊ ယခုအချိန်၌ခွန်း၏ပိုင်ဆိုင်မှုသည်ဗိုက်ထဲမှကိုကို့ရင်သွေးလေးတစ်ဦးသာရှိလေတော့သည်။ ထိုရတနာလေးကိုတော့ ခွန်း အဆုံးရှုံးမခံနိုင်တော့ပါ ။

တံခါးဖွင့်သံကြားခါမှ ခွန်းအတွေးစတို့ကို လက်စသတ်လိုက်သည်။ ရေဇလုံလေးအား ဘေးတွင်ချလျက် ချစ်ရသူ၏မျက်နှာအားမော့ကြည့်လိုက်သည်။

"ကိုကို...ခြေထောက်ဆေးပေးမယ်နော် "

သာမန်ထက်နွမ်းဖတ်နေသောမျက်နှာသေးသေးသည်
စေတမာန်၏ကြမ်းတမ်းနေသောစိတ်ကိုပျော့ညံ့စေသောခံစားချက်တစ်မျိုးသို့ပြောင်းလဲပေးနိုင်စွမ်းရှိလေသည်။ခွန်း၏မျက်ဝန်းလေးများမှာယခင်ကထက်အရောင်ကင်းမဲ့စွာညှိုးငယ်နေသည်ကိုသတိထားမိကာသူကိုယ်တိုင်ပါနာကျင်စေခဲ့လေ၏။

သူခြေထောက်ထုတ်ပေးလေတော့ခြေချောင်းရှည်ရှည်သွယ်သွယ်တို့အား လက်သေးသေးလေးဖြင့်တို့ထိလျက် တချောင်းချင်းစီ ရီနေသော ကောင်လေးအားစူးစိုက်ကြည့်မိသည်။သူ့နှုတ်ခမ်းလေးကွေးညွတ်သွားသည်ကိုတော့ ဟန်ဆောင်ရင်းဖြင့်....။ ခွန်း ယူလာသောရေတို့သည် အေးနေပါလျက် ခြေဖမိုးပေါ်သို့ကျရောက်လာသော ရေတစ်စက်မှာ ခြေထောက်ပေါ်၌နွေးသွားစေသည်။ ရေဇလုံတစ်လုံးထဲ၌ ရေတစက်ပဲ ကွက်၍နွေးနေရသည်ကဘာကြောင့်ပါနည်း...။

Hate fire ( Zawgyi and Unicode) Where stories live. Discover now