part 1

74.7K 3.3K 72
                                    

" မင်း ငါ့သားမဟုတ်ဘူး "

"ငါ့မှာတော့ အထင်ကြီးလိုက်ရတာ စေတမာန်...ကိုယ့်ညီ ခြောက်လို့ ခြောက်နေမှန်း မသိခဲ့ဘူး"

"ကျုပ်က ခင်ဗျားသားကို သားမက်တော်ချင်နေတာ ယောက်ျားစစ်စစ် ထင်လို့လေ... ဟား ဟား ဟား "

"ကျွန်တော့်ကို ခင်ဗျားလို ဂေး ထင်နေတာလား "

"မင်းအဖေနဲ့ မင်းအစ်ကို ကို မင်းသတ်လိုက်တာ... စေတမာန် မင်းသတ်လိုက်တာ "

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အားးးး... "

စေတမာန်ဆိုသည်မှာ မှောင်ခိုလောက၏ဘုရင်တပါးဖြစ်ကာ သံသယ၀င်သည့် လူဆိုလျှင်တောင် ဇီဝိန်ချုပ်နိုင်သော မှောင်ခိုလောကသားအားလုံးကြောက်ရ သည့်နတ်ဆိုးတပါးပင်ဖြစ်ပေ၏ ။ ထိုကဲ့သို့သော နတ်ဆိုးတပါးသည် ညစဉ်ညတိုင်းအိပ်မက်ကမ္ဘာထဲ၌ ကြောက်ရွံ့ထိတ်လန့်နေခဲ့ရသည်ဆိုပါလျှင် မည်သူကများယုံကြည် နိုင်မည်နည်း။ အိပ်ရာထက်မှ လူးလွန့်လှုပ်ရှားလာသော ယောက်ျားတစ်ဦး၏ ကြောက်ရွံစိတ်တို့က ထိုယောက်ျားနှင့်မလိုက်ဖက်စွာ ကြောက်စိတ်တို့က တွယ်ကပ်လာကြသည်။ အိပ်မက်ကမ္ဘာထဲမှ ထိုစကားလုံးများကို ကြားရချိန်တိုင်း မျက်လုံးတို့ကမဖွင့်နိုင်သေးသော်လည်း ခန္ဓာကိုယ်မှာ အလိုက်သိစွာ လှုပ်ရှားလာခဲ့သည်။မျက်ဝန်းကျဉ်းလေးထက်မှ မျက်ရည်ကြည်ဥလေးများက ပါးပြင်ထက်၌ခစားလျက်သား..။မျက်လုံးတို့ဖွင့်လျက်နှင့်နိုးခြင်းသို့ရောက်နေသော်လည်းနားထဲ၌ထိုအသံတို့ကကွယ်ပျောက်သွားခြင်းမရှိပဲ့တင်ထပ်နေဆဲပင်။ထိုစကားများအားကြားနိုင် စွမ်းမရှိတော့၍ 'တော်ကြပါတော့' ဟုအသံကုန် အော်ဟစ်တောင်းပန်သော်လည်း ထိုအိမ်မက်တို့က ပျောက်ပျက်သွားခြင်းမရှိချေ။
'ဘယ်ပျောက်သွားပါ့မလဲလေ... ဒါတွေအားလုံး က အိမ်မက်မှမဟုတ်ဘဲ တကယ် ဖြစ်ခဲ့တာ...ဘ၀တစ်ခုလုံးကို ရက်ရက်စက်စက်နင်းခြေဖျက်စီး သွားခဲ့တာ...'၊ထိုအတွေးတို့ဝင်လာသည်နှင့်အိပ်မက်ထဲမှစကားလုံးများအားကြောက်ရွံနေသည့်စိတ်တို့ကိုလောင်မြိုက်နေသည့်ဒေါသစိတ်တို့ကလွှမ်းမိုးချူပ်ကိုင် လိုက်လေသလား...။ ဒေါသစိတ်တို့အခြေပြုရာသည်လည်း " Demon " စံအိမ်တော်ကြီး မှ မြေအောက်ခန်းဆီသို့.... ။

Hate fire ( Zawgyi and Unicode) Where stories live. Discover now