part 71

18.7K 1.5K 89
                                    

ချစ်သောသူ၏ရွံရှာစွာမုန်းတီးခြင်းကိုခင်ဗျားတို့ခံစားဖူးလား၊နှလုံးသား တစ်ခုလုံးစုတ်ပြတ်နေတာတောင်ချိန်ကိုက်ဗုံးတစ်လုံးကိုရင်ခွင်ထဲထည့်ပြီး တင်းကျပ်စွာဖက်ထားဖူးလား၊ကျွန်တော့်ကိုလောင်ကျွမ်းပြာကျသွားစေ မယ့် ချိန်ကိုက်ဗုံးလေးက ချစ်ရသူပါဆို ဟာသတစ်ခုလိုပြက်ရယ်ပြုမလား၊ အတ္တဆန်စွာချစ်မိသူ၊ကိုယ့်အတွက်ဖြစ်မလာတဲ့အချစ်ကိုလုပ်ယူတတ်သူ၊အချစ်ကိုပိုင်ဆိုင်မှုတစ်ခုလိုသက်သေပြုထားသူသာ
ကျွန်တော့်အချစ်ကိုနားလည်ပေးပါလိမ့်မယ်၊ကျွန်တော့်နှလုံးသားတံခါးကိုဖွင့်ကြည့်နိုင်ပါ လိမ့်မယ်။ အဲ့ဒီလူထဲ ကိုမာန်မပါတာကတော့ ကျွန်တော့်ရဲ့အချစ်အတွက် ကြိုးစားမှုညံ့ဖျင်းခဲ့လို့လား၊ မျက်နှာသာမပေးလွန်းသော ကျွန်တော့် ကံကြမ္မာကြောင့်များလား။

"ဦးဦး...သားကိုအိမ်ပြန်ပို့ပေးပါနော်၊ ဦးဦး ပိုက်ဆံ လိုချင်ရင်လေ ဒက်ဒီ့ဆီကတောင်းပေးပါ့မယ်၊ ဒက်ဒီမှာပိုက်ဆံတွေ များကြီးရှိတယ်"

"ငါက ပိုက်ဆံလိုချင်နေတယ်လို့ ဘာလို့ထင်တာလဲ၊ တကယ်ကို ဦးနှောက်မရှိတာပဲ "

"ဦးဖြိုးနဲ့တူတူကြည့်တဲ့ရုပ်ရှင်ထဲမှာပိုက်ဆံလိုချင်ရို့
ကလေးတွေကိုဖမ်းကြတယ် "

ကလေးငယ်အနားသို့တလှမ်းချင်းတိုးကပ်လာသော
ဇွဲထက်မှာအသိစိတ် ပျောက်လွင့်နေသည့်လူပမာ၊သူ၏ရှေ့တွင်ဒူးခေါင်းလေးအားထောင်လျက် လက်ဖြင့်ကျစ်နေအောင်ဖက်ထားကာကိုယ်ကလေးကျုံ့လျက်ထိုင်နေ သော ကလေးငယ်၊ ထိုကလေး၏ဖြူစင်သော မျက်ဝန်းလေးများအား သူမြင်အောင်မကြည့်နိုင်ခဲ့ပါ။ရွေ့လျားလာသောခြေလှမ်းများက,ကလေး၏အနားသို့
ရောက်သည်နှင့်ဒူးထောက်လျက်အနေအထားဖြင့်
ထိုင်ကာနီရဲနေသောမျက်ဝန်းများဖြင့်စိုက်ကြည့်နေသောသူ၌အသက်ရှူသံတို့ကအရိုင်းဆန်စွာပြင်းထန်နေခဲ့သည်။ကျောပြင်နှင့်နံရံ ကပ်လျက်ဖြစ်နေသော ကလေးငယ်၏လက်ကလေးများသည်လည်း အေးစက်တုန်ရီနေလေ၏။ ကလေးငယ်သည်ကြောက်စိတ်ဝင်နေပြီဖြစ်သော်လည်းထူးဆန်းစွာပင် ကြောက်ပါသည်ဟုနှုတ်မှတစ်ခွန်းမဟ၊တုန်ယင်နေသောလက်ကလေး နှစ်ဖက်ဖြင့်ဇွဲထက် ရင်ဘတ်အား တွန်းကန်လာလေ၏ ။

Hate fire ( Zawgyi and Unicode) Where stories live. Discover now