part 50

21.2K 1.9K 239
                                    

ဒုတိယ လူ အဖြစ်နဲ့ ပြီးဆုံးသွား...
မင်းပေးခဲ့တဲ့ ဆုလာဘ်များနဲ့ ....
အချိန်တန်ပြီဆိုရင်....
ကိုယ်ပြန်သွားရတော့မယ်....
........................................
ဒုတိယလူအဖြစ်နဲ့ ကိုယ့်အချစ်က...
မင်းနှလုံးသားနဲ့ လွဲချော်ခဲ့...........
နှလုံး သားထဲက အချစ်တွေလည်း....
.............. ဒုတိယကွယ် ..........

ဒုတိယတဲ့လား...၊သူများတွေအတွက်ပထမလူဖြစ်ခွင့်မရှိလို့ဒုတိယလူအ ဖြစ်နဲ့ဒုတိယနေရာမှာနေခွင့်ရခဲ့တယ်၊ကျွန်တော့်အတွက်တော့သက်ဆိုင်သူ၏ဒုတိယအဖြစ်တောင်သတ်မှတ်ခြင်းမခံခဲ့ရပါဘူး...။ အသုံးချခံလူသားတစ်ယောက်အတွက် အသုံးချသူ၏ နှလုံးသားထက်၌ ပထမ,မဟုတ်သောဒုတိယ နေရာမှာတောင်နေခွင့်မရှိခဲ့ပါလေ...။

" ကိုထက်...."

တိုးညှင်းလှသောသတိုး၏ခေါ်သံလေးပျံ့လွင့်လာလေ
တော့ထက်မြတ်၏ဘယ်ဘက်ရင်အုံမှာ လှုပ်ရှားသွား
သော်လည်းထိုမျက်ဝန်းဖျော့ဖျော့တို့ အားရင်မဆိုင်ရဲခဲ့ပေ။ သတိုးအား ကျောပေးလျက်အနေအထားဖြင့် မြေကြီးပေါ်မှကျောက်ခဲစလေးအားခြေထောက်
နှင့်
့်ထိကာအာရုံစူးစိုက်နေသောထက်မြတ်၊သတိုးမျက်ရည်တို့ကိုမကြည့်ခဲ့သလိုသတိုးခံစားချက်တို့်ကိုလည်းလျစ်လျူရှုခဲ့သည်။သူပြောချင်တာပြောခွင့်ရခဲ့ပြီ။ ကိုမိုးပြန်လာပြီ ဆိုသည့်အကြောင်း၊ကိုမိုးနှင့်သူ၏ပတ်သက်မှုအားသူကိုယ်တိုင်ဖွင့်ပြောနိုင်ခဲ့ပြီ။မြိုသိပ်ထိန်းချုပ်ထားရသောအမှန်တရားတို့ကိုဖွင့်ပြောခွင့်ရခဲ့သော်
လည်း လေးလံနေသောဝဲဘက်ရင်အုံမှအစိုင်အခဲမှာ လွင့်စဉ်မသွားခဲ့ပေ ။ ဤသည်ကိုလည်းကာယကံရှင် ကိုယ်တိုင်သိနေပေလိမ့်မည်... ။

"ကိုထက်....ကိုထက်သူ့ကိုအရမ်းချစ်တာပဲလားဟင်၊ ဒါဆိုလည်းကိုထက်သဘောပါ၊ ကိုထက်သူ့ကိုတွဲပါ... သူ့ကိုချစ်ပါ၊ ဒါပေမဲ့ ကျွန်တော့်ကိုတော့ မောင်းမထုတ်ပါနဲ့နော် "

" သတိုး... "

တည်ငြိမ်အေးစက်သောအသံတို့ဖြင့်သတိုးဘက်သို့လှည့်လာသောချစ်ရသူကထပ်မံ၍အကြည့်စိမ်းစိမ်း၊ခံစားချက်မဲ့နေသောမျက်ဝန်းတို့ဖြင့်ရင်ဝမှဒဏ်ရာအား ထပ်မံထိုးဆွလိုက်ပြန်သည် ။

Hate fire ( Zawgyi and Unicode) Where stories live. Discover now