part 60

19.2K 1.6K 226
                                    

"ကားတစ်စီး ငါ့နောက်လိုက်နေတာတစ်လလောက်ရှိပြီ ဇွဲထက်...ဘာလို့လိုက်နေလဲသိချင်တယ် "

တရားဝင်လုပ်ငန်းကိုသာအားစိုက်နေသောစေတမာန်
ဒုစရိုက်အလုပ်နှင့် ကင်းဝေးသွားသော်လည်း တစ်လနီးပါးနောက်မှလိုက်နေသောကားအပေါ် သံသယမကင်းသောကြောင့် ဇွဲထက်အားစုံစမ်းရန် စေခိုင်းခဲ့ပေသည်။ ဒုစရိုက်လုပ်ငန်းများလုပ်ခဲ့စဉ်ကရန်စမီးပွားများဟုသာသူထင်မိသည်။ ထိုရန်စများကသူတစ်ယောက်တည်းရှိနေခဲ့လျှင
်မကြောက်မရွံ့ဖြေရှင်းနိုင်သော်လည်း ယခုတွင်တော့ စိတ်လိုက်မာန်ပါလုပ်၍မဖြစ်။ သူ၏ဘ၀တွင် ချစ်ရသူလေးနှင့်သားငယ်လေးဟူသောသံယောဇဉ်အမျှင်တန်းလေးနှစ် သွယ်ရစ်ပတ်လာခဲ့လေပြီ။အတွေးစတို့်ကိုခဏရပ်ကာအိမ်သို့ပြန်ရန်ပြင်လေ၏။ယခင်က,ကဲ့သို့ဇွဲထက်မောင်းသောကားကိုအဆင့်သင့်
မစီးတော့ဘဲကိုယ်တိုင်သာမောင်းနှင်စေခဲ့သည်။

သူ၏ကားနောက်တွင်ရပ်ထားသော အမဲရောင်မှန်အပြည့်ဖြင့်ကားတစ်စီးကလည်း
အဆင်သင့်ထက်ကြပ်မကွာ။ ထိုကား၏နောက်တွင်ဇွဲထက်၏ကားလေးကလည်း
တဆင့်ပြန်၍လိုက်ခဲ့သည်။ယာဉ်ကြောပိတ်ဆို့လှသောရန်ကုန်လမ်းမကြီး၏ကားလမ်းမတွင် ကားသုံးစီးတို့ဆင့်ကာဖြင့်ထက်ကြပ်မကွာပြေးလွှားနေကြလေ၏။ ပူပြင်းလှသောနေမင်း၏အလင်းဓာတ်ကထိုကားများထဲရှိလူများအားလုံး၏အပူကိုယ်စီတို့ကို ပိုမိုပံ့ပိုးပေးနေသယောင်ပူလောင်ပြင်းရှလှပေ၏။

စေတမာန့်နောက်သို့လိုက်နေသောကားနောက်သို့ဇွဲထက်ခြေရာခံလိုက်ရာမှထိုကားမှာ ထက်ဝီရ၏ခြံထဲသို့ဝင်သွားလေ၏။ဤသည်ကိုမြင်သည်နှင့် ခြံတံခါးဖွင့်ထားဆဲဖြစ်နေသောထိုခြံထဲသို့ကားကိုအရှိန်တင်ကာမောင်းဝင်လာခဲ့သည်။အိမ်အထဲသို့ဝင်ခါနီး၌ဇွဲထက်၏ကားကြောင့်အလန့်တကြား ဖြစ်သွားသူမှာထက်ဝီရတစ်ဦးတည်းမဟုတ်ခဲ့၊ထက်ဝီရဘေးမှမိန်းမလှတစ်ဦးလည်းအပါအ၀င်ဖြစ်သည်။သူတို့နှစ်ဦးမှာကြောင်အစွာပင်ကားပေါ်မှ ဆင်းလာသော ဇွဲထက်အား ငေးကြည့်နေလေ၏။

"ဘယ်သူများလဲလို့... ကိုမာန့်နောက်လိုက်နေတဲ့ရန်သူ ဆိုလို့ ခြင်္သေ့မှတ်နေတာ၊ မြင်လိုက်ရတော့လည်း ကြွက်ကလေးပါလား"

Hate fire ( Zawgyi and Unicode) Where stories live. Discover now