part 22

20.7K 1.7K 91
                                    

ရင်းနှီးခဲ့ရတာ နှလုံးသား တစ်ခုလုံး...
ပြန်ရခဲ့ရတာ သူ့အမုန်းတွေတဲ့လား...

"သတင်းပေးရတာ အဆင်ပြေရဲ့လား ခွန်းစစ်...မင်းစကားကို ဟိုဘက်ကကောင်က ယုံရဲ့လား..."

" ဖေဖေ "

"စေတမာန့် ကို သိပ်အထင်ကြီးနေတာလား ခွန်းစစ်... ဟမ်... မင်း အကောင်မှာအသက်တစ်ချောင်း ပိုမပါဘူးနော်..."

"ဖေဖေ ဘာပြောချင်တာလဲ"

"သူ့အစ်ကိုနဲ့သူ့အဖေကို သတ်တဲ့တရားခံကို စေတမာန် ခွင့်လွှတ်မယ်ထင်လား၊ ငါလုပ်ခဲ့မှန်းသိရင် သူငါ့ဆီလာမှာသေချာတယ်၊ အဲ့တော့လည်း မနေ့က မင်းတွေ့ခဲ့တဲ့လူလို... "

"တော်ပါတော့ဖေဖေရယ်... မပြီးနိုင်သေးဘူးလား၊ကိုကို့ကိုတော့လွှတ်ပေးပါဗျာ..."

"မင်းအပေါ်မှာမူတည်တယ်ခွန်းစစ်...ဒီအပြစ်တွေအားလုံးမင်းလုပ်တယ်လို့စေတမာန်ယုံကြည်အောင်လုပ်လိုက်လေ၊ဒါဆိုမင်းအကောင်ကငါတို့ကိုလာတိုက်ခိုက်မှာမဟုတ်တော့ဘူး၊မင်းကိုလည်းသူမုန်းသွားမယ်၊ဒါဆိုဒီဇာတ်လမ်းကဒီမှာ ပြီးပြီ၊ ပြီးရင် ထက်ဝီရ လာခေါ်တာနဲ့မင်းလိုက်သွား၊
စေတမာန်နဲ့ဘယ်တော့မှ ပြန်မပတ်သက်နဲ့တော့..."

"ဖေဖေ ဘာလို့...ဘာလို့လဲ၊ ဘာလို့ အဲ့လောက်ထိ ယုတ်မာရတာလဲ"

"မင်းအကောင်မသေစေချင်ရင် ငါ့အမိန့်ကို မလွန်ဆန်နဲ့... ခွန်းစစ် ၊ ငါမင်းအကောင်ကိုအများကြီး သက်ညှာပေးထားတာ၊ စေတမာန်ကဒီလောကနဲ့ရော... ငါတို့ပြဿနာနဲ့ရော ဘာမှမသက်ဆိုင်လို့..." 

သူတို့နှစ်ဦး၏ပထမဆုံးတွေ့ဆုံမှုသည်မိဘများ၏
အာဃာတအမုန်းတရားများကြားမှ ဆုံစည်းခြင်းဖြင့် အစပြုသကဲ့သို့ အဆုံးသတ်သည်လည်း အလွန်ကြီးထွားသောအာဃာတ,တရားများကြား၌ပင်အဆုံးသတ်သွားလေမလား။ ဖခင်၏စကားတို့ကြား သူ တွေ့ခဲ့ရလေသော သွေးအိုင်ထဲမှ သေနတ်ဒဏ်ရာဖြင့် လူကိုသာ မြင်ယောင်နေမိသည်။ ထိုလူသည်လည်း သူချစ်ရသောလူများအတွက်သွေးကြွေးဆပ်ရန်ပင်လာခဲ့လေသူ။အဆုံးသတ်၌ ရက်စက်လွန်းသော သူ့ဖခင်၏ ခြေဖ၀ါးအောက်၌ပင် လူသူမသိ အသက်ပျောက်ခဲ့ရလေ၏။

Hate fire ( Zawgyi and Unicode) Where stories live. Discover now