part 72

18.5K 1.4K 49
                                    


ကလေးငယ်၏ ဆွဲကြိုးလေးမှ အောက်သို့ တွဲကျနေသော လော့ကတ်လေးက
သူ ၏ ခြေလှမ်းများကို ရပ်တန့်စေနိုင်စွမ်း ရှိနေသည်တဲ့လေ...

ခြေလှမ်းနှင့်အတူကမ္ဘာတစ်ခုပါရပ်တန့်သွားသည်ဆ
ိုပိုမှန်ပေလိမ့်မည်။ဆက်၍မပြေးနိုင်စွာယိုင်နဲ့လာသောခြေတံရှည်များကတိုက်၏အပေါ်ဆုံးထပ်ဝရန်တာ အနားတွင်သာရပ်တန့်နေခဲ့၏။ကလေးငယ်အား ထိုအမြင့်မှအောက်သို့ပစ်ချလိုက်မည့်စိတ်ကူးများက
နှလုံးသား၏စေခိုင်း ချက်ကြောင့်များလားမသိ၊ဦးနှောက်၏အစိတ်အပိုင်းတစ်နေရာ၌အရည် ပျော်ဝင်ခဲ့လေပြီ။ထိုလော့ကတ်ပုံလေးမှာဓာတ်ပုံထဲမှမိခင်ဖြစ်သူ၏
ရင်ဘတ်ပေါ်မှအရာလေးနှင့်တူနေသော်လည်း
ထိုပုံစံမျိုးကနေရာတိုင်းတွင်ရှိနေနိုင်သည်ပဲမဟုတ်လား၊ ထိုလော့ကတ်ငယ်သည်နေရာတိုင်းတွင်များစွာ ရှိနေနိုင်သည်ဆိုဘေးတွင်ကပ်လျက်ချိတ်ဆွဲထားသောလက်စွပ်လေးက ရောလူတိုင်းတွင်ရှိနေနိုင်သည်တဲ့လား၊ယုံနိုင်ဖွယ်မကောင်းသောတိုက် ဆိုက်မှုတစ်ခုလေလား။ကလေးငယ်အားအောက်သို့ချကာကလေး၏ရှေ့၌ဒူး
ထောက်လျက် အ၀ိုင်းပုံစံလော့ကတ်လေးအားဖွင့်ကြည့်မိသည်။

'မဟုတ်ပါစေနဲ့'ဟူသောဆုတောင်းသည်သူလိုဗီလိန
်တစ်ဦးအတွက် လှောင်ရယ်စရာပြက်လုံးတစ်ခုဖြစ်နေလေသလား၊ပွင့်ဟလာသော လော့ကတ်လေးအတွင်းမှSTHဟူသောစာတန်းလေးကသူ့အားလှောင် ပြောင်ရယ်မောနေသတဲ့...။

"သားအမေနာမည် က စု သက် ထား...စုသက်ထား...စုသက်ထား..."

မိဘမဲ့ဂေဟာမှအမျိုးသမီး၏စကားသံတို့်ကသူ့နားထဲတွင်ပဲ့တင်ထပ်နေသည်။အနားသို့ရောက်လာသောစေတမာန်ကိုလည်းမမြင်နိုင်၊သေနတ် ပေါင်းများစွာဖြင့်ချိန်ရွယ်ထားသောရဲသားများကိုလည်းသူမမြင်နိုင်တော့ ပေ... ။

"ဇွဲထက်... ကလေးကိုဓားစားခံမလုပ်ပါနဲ့၊ လက်နက်ချပြီးအဖမ်းခံပါ "

သေနတ်ဖြင့်ချိန်ရွယ်ထားသောရဲတစ်ယောက်၏စကားသံတို့ကလည်းသူ့ နားထဲသို့မရောက်ရှိနိုင်တော့ပါ။အိတ်ကပ်ထဲသို့လက်နှိုက်ကာဓာတ်ပုံလေးအားဆွဲထုတ်ချိန်ပြင်းထန်သောကျယ်လောင်မှုနှင့်အတူလက်မောင်း
ပေါ်သို့ရောက်ရှိလာသောဆိုးရွားလှသည့်နာကျင်မှု၊တစ်ချိန်တည်းတွင်ပင်
သေနတ်သံကြောင့်ကြောက်ဒူးတုန်နေသောကလေးငယ်သည်သူ၏ရင်ခွင်ထဲသို့တိုးဝှေ့လာခဲ့လေ၏။တစုံတယောက်အားနွေးထွေးမှုမပေးခဲ့ဖူးသလ
ိုမည်သူတစ်ဦးတယောက်၏နွေးထွေးပေးမှုကိုလည်း
မခံစားခဲ့ဖူးခဲ့သောသူ့အတွက်ပထမဆုံးသော နွေးထွေးမှုလေးပင်...။

Hate fire ( Zawgyi and Unicode) Where stories live. Discover now