part 37

23.4K 2.1K 236
                                    

"မင်းတို့က ဘာလာကြည့်နေကြတာလဲ၊ လူမမြင်ဖူးဘူးလား..."

ခွန်း အနားသို့ပထမဆုံး ရောက်လာသော ထိုလူသည် တခြားသောသူများအားအော်ငေါက်ကာ မောင်းထုတ်သည့်ဟန်ပြုလေသည်။ ထိုလူမှာ ဒူးဆစ်ဖုံးရုံဝတ်ထားသော ပုဆိုးတိုတိုကို ထပ်၍မကာ ခွန်း အနားသို့ဝိုင်းအုံနေကြသောယောက်ျားများအား သဘောမကျသောမျက်နှာထားဖြင့် ထွက်သွားရန်အော်ဟစ်ပြောပြန်သည်။

"ယောက်ျားလား မိန်းမလား ကြည့်နေတာပါ၊ ငဖြိုးရာ... ငါတို့ရွာက ကွမ်းတောင်ကိုင်တောင် ဒီလောက်မဖြူဘူး... "

"ယောက်ျားလေးကွ ယောက်ျားလေး...လခွီးထဲမှ... သွား... ကိုယ့်အလုပ်ကိုယ်လုပ်ကြ "

ထိုငဖြိုးဆိုသောလူ အော်လိုက်ကာမှ တခြားသောလူများ မှာ ခွန်းအနားမှ တဖြည်းဖြည်းဖြင့် ပျောက်ကွယ် သွားကြလေသည်။ ထိုလူ၏မျက်နှာသည် နေပူထဲတွင် အလုပ်ကြမ်းများစွာလုပ်ထားရသူဖြစ်ကြောင်း မျက်မှာပေါ်ရှိညိုညစ်နေသော နေလောင်ကွက်များက သက်သေပြနေကြသည်။ ထူထဲနေသော မျက်ခုံးနှစ် ဖက်ကို အလိုမကျသည့်ဟန်တွန့်ချိုးထားပုံမှာ လူကြောက်တတ်သော ခွန်း အတွက် ကြောက်စရာကောင်းလှပေသည်။ ပါးလွှာနေသော နှုတ်ခမ်းကော့ကော့လေးက ဆေးလိပ်အသောက်များ၍ လားမသိ ညိုညစ်နေလေ၏။ သို့သော် ထွက်ခွာသွားကြသောယောက်ျားများနှင့် မတူ၊ ကွမ်းမစားထားသောကြောင့်ပင်ဖြစ်ပေလိမ့်မည်။ ထိုလူ၏ သွားများသည် နီရဲနေခြင်းမရှိ၊ ဆံပင်အတိုကို အပေါ်သို့လှန်၍ တင်ထားကာ မဟာနဖူးမှာ အထင်းသားပေါ်လွင်လျက်...။

"ဟေ့... မင်း သရက်တောသွားမလို့ဆို "

"ဟုတ် ... ဟုတ် ပါ တယ် "

"ဒါက သရက်တောရဲ့ရွာထိပ်ပဲရှိသေးတယ်၊ ငါက ဒီမှာ ရွာထဲဝင်မယ့်လူတွေကို ကယ်ရီဆွဲပေးတယ်၊ မင်းဘယ်သူ့ဆီသွားမှာလဲ..."

" ကြီးစို.... "

" ဒေါ်ကြီးစို ကို ပြောတာလား"

" ဟုတ်ပါတယ် "

" လာ ငါနဲ့ လိုက်ခဲ့..."

မယောင်မလည်နှင့် ခွန်းသည် လူကောင်းမှန်းမသိလူဆိုးမှန်းမသိသောလူ တစ်ယောက်နောက်သို့လိုက်သွားရပြန်သည်။ ဟိုလူကြီးတွေထက်စာရင် ဒီလူ့အကြည့်တို့က ဖြူစင်သည်ဟု ခွန်း ထင်မိသောကြောင့်ပင်...။
လမ်းတလျှောက်၌ မုန့်ဆိုင်အသေးစားလေးများ၊ ကွမ်းယာဆိုင်များ ၊ ထိုဆိုင်များထဲမှရွယ်စုံဆိုဒ်စုံသော မိန်းမတချို့နှင့်ယောက်ျားသားများ၊ ကလေးများပါမကျန် ဆိုင်ကယ်ပေါ်မှ ခွန်း အား,အထူးအဆန်းသတ္တ၀ါသဖွယ် ထွက်ကာကြည့်ကြလေ၏။ တချို့သောကလေးများသည်ပင် ကိုဖြိုး မိန်းမ ခိုးလာသည်ဟုဆိုကာ ဆိုင်ကယ်နောက်မှတသီကြီး လိုက်လာကြသည်။ တချို့မိန်းမများကမူ ကျယ်လောင်သောအသံကြီးများဖြင့် ငဖြိုး မိန်းမက ယောက်ျာလျာလေးတော့ ဟူ၍မောင်းတီး ဆော်ဩကြလေသည်။ ဆိုင်ကယ်ပေါ်မှထိုလူသည်လည်း တောက် တခေါက်ခေါက် နှင့် ဒေါပွနေလေပြီ။
ထိုအသံများက ဆိုင်ကယ်ရပ်လိုက်သော အိမ်ရှေ့အထိ မရပ်စဲသွားပေ။

Hate fire ( Zawgyi and Unicode) Where stories live. Discover now