part 70

18.4K 1.5K 145
                                    

တချို့သောချစ်ခြင်းတွေကနာကျင်မှုနဲ့ပဲ
ထပ်တူအချိုးကျတယ်၊ မုန်တိုင်းပြီးရင်လေပြေတဲ့..လေပြေပြီးရင်မုန်တိုင်းတဲ့...ဒီလိုပြောနေကြတဲ့လူတွေကိုတွေ့ရင်ကျွန်တော်တစ်ခု
လောက်မေးကြည့်ချင်ပါရဲ့။ မုန်တိုင်းပြီးလို့
ကျရောက်လာမယ့်လေပြေလေးကဘယ်လိုအရသာရှိလဲလို့...။ တခါမှမခံစားဖူးလို့ပါ ကိုမာန်...။

"ကျွန်တော့်ကိုထားခဲ့ပြီးကိုမာန်တို့မိသားစုဘယ်တော့မှစိတ်ချမ်းသာရမှာမဟုတ်ဘူး၊ အားးးး..."

အခန်းထဲရှိပစ္စည်းများအားတစ်ခုမကျန်ကိုင်ပေါက်
နေခြင်းကဒေါသ စိတ်တို့ချုပ်ငြိမ်းစေသည်ဟုမည်သူများပြဌာန်းခဲ့သနည်း။စိတ်ထွက်ပေါက်အဖြစ်လူအများစုလုပ်ကိုင်လေ့ရှိသောနည်းကိုသာဇွဲထက်ကျင့်သုံးမိသည်။ ခုတင်ပေါ်တွင်အထီးကျန်စွာကျန်ရစ်ခဲ့သောကြိုးခွေလေးနှင့်အတူကိုင် ပေါက်ဖျက်စီးခံထားရသောဖန်ကွဲစလေးများကနေရာယူလျက်၊ပြန့်ကြဲနေ သောစားပွဲခုံအကျိုးအပဲ့များ၏ကြားတွင်လောကကြီးအားနှုတ်ဆက်ထွက် ခွာသွားသောလူသေအလောင်းနှစ်လောင်းကဇွဲထက်အားလှောင်ပြောင်နေသယောင်၊မျက်ရည်များဖြင့်ဆောက်တည်ရာမရဖြစ်နေသော
ယောက်ျားပျိုမှာ ထိုလူသေအလောင်းများအားခြေထောက်နှင့်ကန်လိုက်သည်။

"ဟက်...သေကြ...လွှတ်တုန်းကလွှတ်ပေးပြီးငါလာမှရအောင်ပြန်ရှာပေးမယ်တဲ့... ဟား.. ဟား... ငါ့ကိုအရူးလုပ်လို့ရမယ်မထင်နဲ့၊ သေ...သေ... မင်းတို့သေပြီးရင် ခွန်းစစ်... ပြီးရင် သူ့ကလေး... သေရမယ်... သေရမယ်...အားလုံးသေရမယ်၊ ဟား... ဟား.... "

နီရဲစိုစွတ်နေသောမျက်လုံးများတွင်အန္တရာယ်အငွေ့
အသက်တို့ကပ်ငြိနေသည်ကိုမည်သူမျှ,သိနိုင်မည်
မဟုတ်ပေ။သွားဖြင့်ကိုက်ခဲထား၍ပေါက် ပြဲနေသောနှုတ်ခမ်းလွှာမှကောက်ကျစ်လှသောအပြုံးတစ်ခုဖန်ဆင်း ကာ...

"ဟဲလို...ထက်ဝီရ...ဟိုကလေးကိုဘာမှမလုပ်နဲ့၊ ငါ့ဆီလွှဲပေး...အခုချက်ချင်းပို့လိုက်"

ပြတ်ကျသွားသောဖုန်းသံလေး၏နောက်တွင်ဖန်ဆင်းလိုက်သောအပြုံးတပွင့်မှာ ကြောက်မက်ဖွယ်အတိကောင်းလှသည်။

Hate fire ( Zawgyi and Unicode) Where stories live. Discover now