Start To(U+Z)

11.2K 609 20
                                    

uni

သူ တိူ့နှစ်ဦးသည် အထက်တန်းကျောင်းပြီးကတည်းပင်အတူတူနေခဲ့ကြသည်။
သူတိုနှစ်​ယောက်​သည် မိဘတွေရဲ့ လျစ်လျူရှုမှု များနှင့်အခြားသောသူများ၏လှောင်ပြောင်သရော်မှုများသို့မဟုတ် အထင်အမြင်သေးသောမျက်လုံးပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ကြသည်။
စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ခဲ့ပြီးလောကဓံ၏ အတက်အကျများ
ရိုက်ခတ်မှုများကိုလည်း အတူရင်ဆိုင်ကာ
ဖြတ်ကျော်ခဲ့ကြပေသည်။

သူတို့ရဲ့ စီးပွားရေးလေးအခြေကျပြီး Company လေးသည်လည်း
အောင်မြင်စပြုလာချိန်တွင်
ကျစ်ရှု အား အိမ်တွင်သာနေရန်နှင့်
သူ၏ လက်ရှိအလုပ်များကို ရပ်နားရန် တောင်းဆိုခြင်းခံခဲ့ရပေသည်။
ကျစ်ရှု ကို အိမ်မှာသာနေစေလျက်
ကျန်းဝမ်ရွှီကမူ အလုပ်အကြောင်းပြကာ
အပြင်တွေနေထိုင်မှုများသည်
ယခင်ထက်ပင်ပိုမိုလာခဲ့သည်။

ကျန်းဝမ်ရွှီသည် ကျစ်ရှု အပေါ် တာဝန်များ
ပေါ့လျော့လာရာမှတဖြေးဖြေးပင်ပြောင်းလဲသွားခဲ့ပြီးခြေလှမ်းများစတင်ပျက်လာလေတော့သည်။သို့သော် ကျစ်ရှု ကမူ ဘယ်သောအခါမှ အပြစ်မမြင်ဘဲ ချစ်မြဲအတိုင်း
ချစ်နေဆဲသာပင်။ကျန်းဝမ်ရွှီ တစ်ယောက်
ကျစ်ရှုကို လျစ်လျူရှုထားခဲ့ချိန်၌
ကျစ်ရှု တွင် ကုသ၍ မရနိုင်သော
ရောဂါတစ်ခုရှိလာခဲ့သည်။
ကျစ်ရှုသည် သူ့ရောဂါခံစားနေရချိန်
သူ့အပေါ် ဝမ်ရွှီက ပြစ်ထားချိန်တွင်တောင်အပြစ်စကားတစ်ခွန်းမှပင်မဆိုရှာခဲ့.
ဝမ်ရွှီအပေါ်သူထားသောချစ်ခြင်းများသည် ကုသ၍ မရသောရောဂါနှင့်အတူအလေ့အထတစ်ခုကဲ့သိူ့ သူဖက်တွယ်ထားဆဲပင်။

သို့သော် ငြိမ်းချမ်းသာယာသော
တစ်နေ့၌ ကျစ်ရှုသည် ကျန်းဝမ်ရွှီ နှင့် အတူ
သူတို့ နှစ်ယောက်နေထိုင်ခဲ့သောအိမ်လေးကိုရောကျန်းဝမ်ရွှီ ကိုပါ ရုတ်တရက်ထားခဲ့လေတော့သည်။

သူထွက်သွားခဲ့လေပြီ။သူ၏ လွတ်မြောက်ရာသို့ ဖြူစင်သောဝိညာဉ်လေးအဖြစ်
ကျန်းဝမ်ရွှီကို အလွန်ချစ်မြတ်နိုးခဲ့ပါသော
အနစ်နာခံခဲ့ပါသောသူမည်မျှပင်နာကျင်နေခဲ့ပါစေအပြစ်မဆိုခဲ့သောသူတစ်ဦးသည်
ဤ ကမ္ဘာမြေပေါ်မှထာဝရပျောက်ကွယ်
သွားခဲ့လေသည်ပင်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now