EP64(U+Z)

1.8K 196 1
                                    

[ U ]

EP64ငါ ထပ်မရှုံးချင်တော့ဘူး

အိုက်ကျိယွီ က ရဲစခန်းသို့ကျန်းဝမ်ရွှီအား
ပိုင်နက်ကျူးလွန်မှုဖြင့် တိုင်ကြားလိုက်သည်။
အိုက်ကျိယွီက သူ့အကို ရဲ့ ကျောင်းနေဖက်
သူငယ်ချင်း ထိုဒေသအပိုင် ရဲအုပ်နှင့်
ညီအကို တမျှ ဆက်ဆံရေး ရှိသူဖြစ်သည်။
ယခုအခါ အိုက်ကျိယွီကိုယ်တိုင် ဆက်သွယ်ပြီး အကူအညီတောင်းခံလာသည်မို့
ကျန်းဝမ်ရွှီ ရဲစခန်း၌ အနည်းဆုံး အနေဖြင့် 24နာရီတော့ ထိန်းသိမ်းခံရမည်ဖြစ်သည်။

အချက်ပေးဥသြသံနှင့်အတူ အနီအပြာ ရောနှောထားသော မီးလုံးများပါရှိသည့်
ကားနှစ်စီးသည် ခြံရှေ့သိူ့ ထိုးဆိုက်လာပြီး
ရဲဝန်ထမ်းများက ကားပေါ်မှ ဆင်းလာသည်။
သို့သော် ကျန်းဝမ်ရွှီသည် ဥသြသံကြား
ပေမယ့်မသိချင်ယောင်ဆောင်ကာ လျစ်လျူရှူထားဆဲပင်ဖြစ်သည်။ကောင်းကင်ပေါ်ကို မော့ကြည့်နေရင်း သူ့မျက်နှာ၌ထူးထူးဆန်းဆန်းပင် ဒေါသတရားတို့ ရှိနေဆဲ။ကွန်ကရစ် ဖြူဖြူအုတ်တိုက်တစ်ခုအားမြင်နေရသော်လည်း ထိုအထဲတွင်သူချစ်ရသောသူ ကျိန်းသေရှိသည်ကိုသူသေချာပင်သိနေခဲ့သည်။

သူ့ပုံကရဲဝန်ထမ်းတို့အားစိတ်ရှုပ်ထွေးစေသောမြင်ကွင်းတစ်ခုအဖြစ်ရှိနေသည်။
မြေပြင်တွင် ဒူးထောက်လျက်မလှုပ်မယှက်ရှိနေသော နောက်ကျောပေးထားသည့်လူတစ်ယောက်သည် ဒုက္ခသည်တစ်ဦးနှင့်ပင်တူနေလျက်ရှိနေပြီးအသံတိတ် စွာ ဝမ်းနည်းနေပုံက တကယ်ကိုပင် အလေးအနက်ထားပုံရှိနေသည်။အရာရှိတစ်ဦးကသူ့အားယဥ်ကျေးစွာ စတင်ပြောဆိုလာခဲ့သည်။

"ကျေးဇူးပြုပြီးကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ "

ကျန်းဝမ်ရွှီဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး
မျက်နှာသေဖြင့် မေးလာသည်။

"ဘယ်ကိုလဲ ?"

"တစ်ယောက်ယောက်က ခင်ဗျား ကို
ပိုင်နက်ကျူးလွန်မှုနဲ့ တိုင်ချက်ဖွင့်ထားပါတယ်။ဒါကြောင့်မို့ ကျေးဇူးပြုပြီး
ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်
ပေးစေလိုပါတယ် "

ဤသည်မှာတကယ်တမ်းတွင်မူများစွာကြုံတွေ့ရလေ့ရှိသော လူမှုရေးဆိုင်ရာ အငြင်းပွားမှုပင်ဖြစ်သည်။သာမန်အားဖြင့် လုပ်ထုံးလုပ်နည်းအရ ပြသနာရှာသူအား မောင်းထုတ်ကာ ထိန်းသိမ်းပေးရုံဖြင့် ကိစ္စပြတ်ပြီသာဖြစ်သည်။သို့သော် ဤတစ်ကြိမ်တွင် အထက်အရာရှိမှ ဤကိစ္စအားအလေးအနက်ထားကာ ဆောင်ရွက်ခိုင်းလာပြီး လက်ထိပ်များကိုပါယူဆောင်သွားရန်မှာကြားလာခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now