EP53(U+Z)

2.1K 242 9
                                    

EP53 ရှန်ကျွီသေဆုံးခြင်း

ကျန်းဝမ်ရွှီရက်အတော်ကြာအိပ်မပျော်နိုင်ဘဲရှိနေခဲ့သည်။တစ်စုံတစ်ယောက်သာသူ့စိတ်ထဲမှာ စွဲထင်လျက်အမြဲလိုရှိနေခဲ့သည် ။
သူ့နှလုံးသားများမှာမူ အကြွင်းမဲ့နာကျင်နေလျက် ထိုသူ့အကြောင်းအားသူပြန်မစဥ်းစားလို့ ပင် မရနိုင်အောင်ရှိနေခဲ့ရသည်။
ကျန်းဝမ်ရွှီတစ်ယောက်သေဆုံးခါနီး
လူတစ်ဦးကဲ့သို့ပင် များစွာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲနေခဲ့သည်။သူဆေးရုံမှထွက်လာသည့်နေ့မှစ၍ တွေ့မြင်ခဲ့ရတဲ့အရာတွေကတကယ့်အမှန်တရားဆိုတာကိုခုချိန်ထိသူ့စိတ်ထဲလက်ခံလို့မရဘူး၊ကျစ်ရှုရဲ့ရောဂါပိုမိုဆိုးဝါးလာမည်ကိုလည်း သူတကယ်ပင်ကြောက်ရွံ့လျက်ရှိနေသည်။နာကျင်မှု နှင့်နောင်တတရားတို့က နေ့စဥ်နှင့်အမျှသူ့ကို
နှိပ်စက်နေချေပြီ။

သို့သော်သူခုချိန်ထိ ကျစ်ရှုမည်သည့်နေရာတွင်ရောက်ရှိနေသည်ဆိုသည့်သတင်းအစအနလေးပင် မရရှိခဲ့သေး။ထို့ကြောင့်ပင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အိုက်ကျိချန်ဆီသို့သာသွားပြီးစုံစမ်းလျက်ရှိနေသည်။ အိုက်ကျိချန်ကလည်း အလွန်ပင်စဥ်းစားတတ်သူဖြစ်ကာ
ဘာမှမသိဟန်ဆောင်နေလျက် သူ့ကို သတင်းအစအနလေးတောင်မပေးခြင်းကတကယ်ပင် ကျစ်ရှုဘယ်မှာရှိနေသည်ကို သိမြင်နေသည်ဟု လမ်းစဖော်နေသည်ဟု
သူသံသယရှိလာသည်။ သူသံသယရှိနေသလိုအိုက်ကျိချန်ဘက်ကလည်းသူ့ညီအား
အစွမ်းကုန် ကာကွယ်ပေးမည့်ပုံရှိနေသည်
ထို့ကြောင့်ပင် ကျန်းဝမ်ရွှီသည် အိုက်ကျိချန် ဆီသို့ လွန်ခဲ့သောရက်များကအရူးတစ်ယောက်လို နေ့စဥ်သွားနေခဲ့ပြီးယခုမူခဏမျှ
ရပ်တန့်လိုက်သည်။

ယနေ့တွင် ကျန်းဝမ်ရွှီသူ့အလုပ်စားပွဲ၌
ခဏမျှ အိပ်ပျော်သွားခဲ့သည်။ဒီရက်ပိုင်းအတွင်းသူတကယ့်ကိုပင်စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ ဆိုးဝါးစွာ ပင်ပန်းနေခဲ့သောကြောင့်ဖြစ်သည်။မသက်မသာ
အနေအထားဖြင့် အိပ်ပျော်ခဲ့သောကြောင့်
နှစ်ခြိုက်စွာလည်း အိပ်မပျော်နိုင်ခဲ့၊သူ့ ခန္ဓာကိုယ်ကသူ့ပတ်ဝန်းကျင်ရှိ ဖြစ်ပျက်မှုများနှင့်အတူအသံများကို ကြားနေရဆဲဖြစ်နေရင်း တချက်မျှငိုက်မြည်းနေရာမှ
အိပ်မက်တစ်ခုပင်မက်နေခဲ့လေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now