EP22(U+Z)

2.3K 299 12
                                    

..

..ဟယ်ကျစ်ရှုသည် အိမ်သို့ရောက်သည်နှင့်
အိုက်ကျိယွီ ၏ ပဝါလေးအား
ဂရုတစိုက်ခေါက်ပြီး
အိတ်ထဲတွင်ထည့်ထားလိုက်သည်။
ထို့နောက်သူသည်
ဘာမှမစဉ်းစားခဲ့ဘဲ အချိန်ကြာမြင့်စွာ
ဆိုဖာပေါ်တွင်
ထိုင်နေခဲ့သည်။ အိမ်ထဲတွင် အနွေးပေးစက်ရှိသော်လည်းအပြင်ဖက်ရှိ အပူချိန် မှာအလွန်ပင်လျော့ကျနေခဲ့သောကြောင့်အိမ်၌လည်းသူတစ်ဦးတည်းသာရှိသောကြောင့် အလွန်ပင်အေးလာနေခဲ့သည်။ ဟယ်ကျစ်ရှုသည်စောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း
မကြာမီအိပ်ပျော်သွားခဲ့သည်။

ကျစ်ရှုသည် ရုတ်တရက်လန့်နိုးလာချိန်တွင်
ညလယ်လောက်ပင်ရှိနေခဲ့လျက်
သန်းခေါင်ချိန်လောက်ပင်
ရှိနေလောက်မည်ဟု သူခန့်မှန်းမိသည်။ သူ၏ အခန်းမှာမှောင်မိုက်နေလျက်
မျက်နှာကျက်ရှိ မီးလုံးဝါလေး၏
မှိန်ပြပြ အလင်းတစ်ခုကသာ ကြီးစိုးလျက်ရှိနေလေသည်ချက်ခြင်းလည်း
ပြန်အိပ်မပျော်ခဲ့ဘဲ စိတ်ထဲ၌
ဝမ်းနည်းစိတ်များသာခံစားနေရသောကြောင့်ကျန်းဝမ်ရွီ အား စူးစူးနစ်နစ် သတိရမိနေသည်မို့ကျန်း၏အသံကိုချက်ခြင်းပင်ကြားချင်လာသောကြောင့်
သူဖက်မှစ၍ ဖုန်းခေါ်ရန်
ဆုံးဖြတ်လိုက်ခဲ့သည်။

ယခုအချိန်သည် ပြင်သစ်တွင်
ညနေ၅နာရီလောက်သာ
ရှိနိုင်ပေဦးမည်ဖြစ်သည်။
သူခုချိန် ဖုန်းခေါ်လိုက်ပါက
ကျန်းဝမ်ရွှီအတွက်လဲ အနှောင့်အယှက် မဖြစ်နိုင်ဟုသူမျော်လင့်ခဲ့မိသည်။
ကျစ်ရှုသည် ကျန်း၏ဖုန်းနံပါတ်အား
Contact ထဲတွင် မှတ်သားထားသော်လည်း
သီးသန့်ပင်ထပ်မံ၍ မရှာဖွေတော့ဘဲ
အလွတ်ရနေသော
နံပါတ်အား သူ့လက်ချောင်းများဖြင့် နှိပ်၍ ခေါ်လိုက်သည်။
ဖုန်းသသည် အချိန်အနည်းငယ်အတွင်း
ဝင်သွားပြီး တဖက်မှ အနည်းငယ်
နူးညံ့သိမ်မွေ့သောအသံဖြင့်
သူ့အားပြန်ထူးလာသည်ကို ကြားရသည်။

!မင်းခုတော့ ငါ့ကို ဖုန်းခေါ်ဖို့သတိရပြီပေါ့!

ဟယ်ကျစ်ရှုသည် ဖုန်းကိုင်လျက်
ခတ္တမျှ တိတ်ဆိတ်နေမိသည်။
သူတို့ဘဝအစက ကျန်းဝမ်ရွီ
ထံမကြာခဏဖုန်းခေါ်ခဲ့ပေမယ့်
ထိုအချိန်က ဖုန်းဘေအတွက်
ပိုက်ဆံမလောက်ငှခဲ့ချိန်
ဖြစ်ခဲ့သည်။ အဲဒီအချိန်တုန်းက သူတို့၏
ပျော်စရာကာလများဖြစ်ခဲ့ရပြီး ကျန်းဝမ်ရွီ ထံပြောစရာအရေးတကြီးမရှိခဲ့သော်လည်း ကျန်း၏အသံကိူ ကြားချင်သည်မို့
ကုပ္မဏီဖုန်းအားခိုးကြောင်ခိုးဝှက်
ဆက်ခဲ့ရချိန်ဖြစ်သည်။
သူတိူ့နှစ်ဦးသည်ညဖက်ရောက်လျှင်
ညတိုင်း တစ်ဦးနှင့်တစ်ဦး တွေ့နိုင်ပေမယ့် အရမ်းချစ်ခဲ့ကြချိန်မို့နေ့တာအရမ်းရှည်သည်ဟု ခံစားခဲ့ကြရသည်။
နောက်ပိုင်းတွင် ထိုအရာများသည်
ပျောက်ကွယ်လာလျက် ပြောင်းလဲလာခဲ့ကြသည်။သူတိူ့တွင် ပြောစရာစကားများမရှိကြတော့သလိုတစ်ဦးနှင့်တစ်ဦးအကြောင်းပြချက်မရှိဘဲငြူစူလာကြရင်း
ငြီးတွားမှုများနှင့်သာ
ပြည့်လာခဲ့ကြရသည်။
တစ်ဦးနှင့်တစ်ဦးလျစ်လျူရှု
လာခဲ့ကြရင်း ထိုသို့ဆိုးဝါးလာကြသော်လည်းတစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ဖြေရှင်းခြင်းလဲမရှိဘဲ
တစ်ဦးက စကားမပြောလျှင်
နောက်တစ်ဦးကလဲ
မပြောတော့သည်အထိဖြစ်လာခဲ့ကြသည်။ ထိုသို့ဖြစ်သွားသည်မှာ တလနီးပါးလောက်လဲ ခဏခဏရှိလာခဲ့ကြသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now