EP4(U+Z)

3.2K 396 10
                                    

...

EP4 ငါတို့အတူရှိနိုင်ပါ့မလား

..ဒီ ၁၄နှစ်ကာလအတွင်း ကျန်းဝမ်ရွှီ၏ နေ့စဉ်နှင့်အမျှ လိမ်လည်နေသော စကားများကို နားထောင်နေရခြင်းကြောင့်
ဟယ်ကျစ်ရှု၏ နှလုံးသားသည်
တစတစပဲ့ကြွေနေသလိုခံစားနေရသည်။
အမြဲလိုပင်သူ့အပေါ်လိမ်လည်ဖို့သာကြိုးစားနေခဲ့သည်မို့ဟယ်ကျစ်ရှုသည်
ထိုစကားများအပေါ်အာရုံစိုက်ပြီး သူ၏ အင်အားကိုဖြုန်းတီးရန်မကြိုးစားတော့ဘဲ အမြဲလိုပင် လျစ်လျူရှုထားလိုက်လေသည်။

ကျန်းဝမ်ရွှီ ရေချိုးနေတုန်းမှာပင်
ဟယ်ကျစ်ရှုသည်အိပ်ပျော်စပင်ပြုနေသည်။
ကျန်းဝမ်ရွှီသည် အိပ်ရာပေါ်တွင်လဲလျောင်းပြီးကျစ်ရှုကို နောက်ကျောကနေ ဆွဲဖက်လိုက်ချိန်တွင်ကျစ်ရှုဟာ သူထင်ထားသည်ထက်အမှန်တကယ်ကို ပိုပြီးပိန်သွားသည်ကိုပင် တွေ့လိုက်ရသည့်အခါသူသည် အရမ်းပင်အံံ့သြ သွားသည် ။သူသည် ကျစ်ရှု၏ အခြေအနေနှင့် ပတ်သက်ပြီးစိုးရိမ်နေခဲ့သော်လည်းစကားအများကြီးမေးရခြင်းကို
တွန့်ဆုတ်နေလျက်

!မင်း ဝိတ်ဘယ်လောက်တောင်ကျသွားတာလဲ!ဟုသာမေးလိုက်သည်။

!ငါအစားအများကြီးမစားလို့ပါ
ပြီးတော့စားချင်စိတ်လဲမရှိလို့ !
ဟယ်ကျစ်ရှုသည် အေးဆေးသောအသံဖြင့်
ပြန်ပြောနေသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ စိတ်ထိခိုက်မှုဖြင့် ပြည့်နှက်နေလျက် မျက်ရည်များစွာဝေ့သီနေခဲ့သည်။

ကျန်းဝမ်ရွှီကမူ ဟယ်ကျစ်ရှု၏
မျက်နှာရှိခံစားမှုကိုသတိမပြုမိပေ။
ကျန်းဝမ်ရွှီ သည် သူ၏ လည်ပင်း ပခုံးနှင့်
နောက်ကျောဖက်နေရာများအား
ဖွဖွညင်သာစွာနမ်းရှုံ့လာလေသည်။
ထိုမှတစ်ဆင့် လက်များမှာ ကျစ်ရှုကို တင်းကြပ်စွာပွေ့ဖက်လာလျက် ကိုယ်လက်နှီးနှောရန်အစပျိုးစွာဖြင့်ပွတ်သပ်လာခဲ့သည်။
တစတစမြူဆွယ်သောအနမ်းများဖြင့်တိုးကပ်လျက် သူနှင့်လိင်ဆက်ဆံရန် ကြိုးပမ်းလာလေသည်။

!ငါအရမ်း ပင်ပန်းနေတယ် အဲဒါကြောင့်
ငါဘာမှမလုပ်ချင်ဘူး!
ကျစ်ရှုသည် ကျန်းဘက်သို့လှည့်ပြီး
ကျန်းဝမ်ရွှီအား သူနှင့် ဝေးဝေးသို့ ခပ်ဖွဖွတွန်းရင်းငြင်းဆန်လိုက်လေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now