EP43(U+Z)

2.4K 295 25
                                    

EP43 ကိုယ်က တောက်တဲ့လိုလူ

ကျစ်ရှုသည် ရှန်ယန် သို့သွားသော
ရထားလက်မှတ်အားဝယ်ယူထားလိုက်သည်။ထိုမှတဆင့် ဟန်ကျိုးအားဆက်သွားဖို့ပင် ဖြစ်သည်။သူ၏အစီအစဥ်မှာ ဟန်ကျိုး၌ 6လခန့် အခန်းတစ်ခန်းငှားကာနေမည်ဖြစ်ပြီး သူ့တွင် ခရီးစရိတ်သာရှိလျက်ဆေးဆက်၍ ကုသမှုကိုတော့မူ သူမလုပ်နိုင်တော့သောကြောင့်ပင်ဖြစ်လေသည်။ဟယ်ကျစ်ရှု
ဘူတာသို့ ရောက်နေသည်မှာ10နာရီခွဲထဲကပင်ဖြစ်လျက်အချိန်ကအလွန်ပင်စောနေခဲ့လေသည်။

သူကစိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ရင်း
လွန်ခဲ့သောနှစ်ပေါင်းများစွာကလည်းသူ
ယခုလိုပင် စောင့်ဆိုင်းခဲ့ရသည်။ယခုအချိန်ကမူ ရထားဘူတာမှာယခင်ကထက်ပိုမိုကောင်းမွန်လာသည်ဟုသူခံစားမိနေသည်။ခရီးသည်များသည်ဘူတာရုံထဲတွင် ပြည့်ကြပ်အောင်ရှိနေခဲ့ကြရင်းနေရာမလပ်အောင်ပင် ရှိလာခဲ့လေသည်။သူ့နေရာကိုလည်း သက်ကြီးအဘွားတစ်ယောက်အားနေရာပေးလိုက်သည်မို့ ရပ်နေခဲ့သည်မှာအရမ်းပင်ပန်းလွန်းလာလျက်ရှိနေခဲ့သော်လည်း
သူ့နှလုံးများကမူလစ်ဟာလျက်ရှိနေခဲ့
ရသည်။

ကျန်းဝမ်ရွှီနှင့်သူ၏ဆက်ဆံရေးကို
ပတ်ဝန်းကျင်က စတင်သိရှိခဲ့ချိန်က
သူတို့၏ဆက်ဆံရေးသည် ဤနည်းဖြင့်
အဆုံးသတ်မည်ဟု ကြိုတင်၍ခန့်မှန်းခဲ့ကြသည်။ကျစ်ရှု၏မိခင်က ယောကျ်ားလေး
နှစ်ယောက်၏ဆက်ဆံရေးသည် ကြာရှည်
ပင်ခံမည်မဟုတ်ဟု ပြောခဲ့ရင်း ကျန်းဝမ်ရွှီ၏
အမေကလည်း သူတို့နှစ်ယောက်၏
ဆက်ဆံရေးသည် အသက်30ထိတောင်
မတည်မြဲနိုင်ဟုပင် ပြောခဲ့ကြသည်။
Zhen Jian၏ ကဗျာထဲတွင်
သူဖတ်ခဲ့ရဖူးသောစာလေးတစ်ကြောင်းလို

'မင်းကတော့ မင်းရွေးတဲ့လမ်းကို
လျှောက်နေချိန် ငါကတော့
အိမ်အပြန်လမ်းမှာ "

သူတို့နှစ်ဦးသည် ကစားပွဲတစ်ခုထဲက
သူများကဲ့သို့ပင် ကစားပွဲကို မပြီးဆုံးသေး
ဟုအဖြစ်မှန်ကို ရင်ဆိုင်ရန် ငြင်းဆန်ခဲ့ပြီး
တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြန်လည်
ချိတ်ဆက်နေကြသော်လည်း
အချိန်တန်လျင်မူ ကစားပွဲကတော့
ကျိန်းသေပြီးဆုံးလျက် စည်းဝိုင်း
အပြင်သို့ရောက်ရှိမည်မှာအသေအချာပင်ဖြစ်လေသည်။လမ်းခွဲခြင်းတည်းဟူသော
ကစားပွဲ ပြီးဆုံးခဲ့ချိန် တခုသို့ပေါ့။
အချိန်များစွာကုန်ဆုံးသည်မှာ မြန်ဆန်လို့နေရင်း 12နာရီပင်ကျော်ခဲ့ပြီ ဖြစ်လေသည်။သူ့အတွက်နေရာမရှိတာကြောင့် အချိန်အကြာကြီးရပ်နေခဲ့ရင်း ပင်ပန်းလာတာမို့ ရေတဘူးကိုပင်ဝယ်ယူလိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now