EP26(U+Z)

2.1K 265 1
                                    

...EP26 ကျန်းကသူ့အားသတိရသည်တဲ့

..ဟယ်ကျစ်ရှုသည် အိမ်တံခါးဖွင့်လိုက်ချိန်တွင် သူ၏ အိမ်လေးသည်သပ်သပ်ရပ်ရပ်လေးနှင့် သန့်ရှင်းလျက်ရှိနေသည်ကို
တွေ့လိုက်ရသည်။ဒေါက်တာအိုက်သည်
တစ်ယောက်ယောက်အားသန့်ရှင်းရေးသေချာပင်လုပ်ခိုင်းထားမှန်းသိသာနေခဲ့လေသည်။ ကြောင်လေး၄ကောင်သည်လည်း
တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ကာ အိပ်ပျော်နေလျက်ရှိနေကြလေသည်။

ဟယ်ကျစ်ရှုသည် သက်ပြင်းချလိုက်ရင်း
သူ့အိမ်လေးသည် ယခင်ကသူစဉ်းစားထားသောစိတ်ကူးလေးများထက်ပိုမိုလှပနေလျက်ရှိနေကြောင်း ထိတွေ့နေရလေသည်။သူလက်မခံမှာသိသောကြောင့်ပင်
ဒေါက်တာအိုက်သည် သူမသိအောင်အိမ်လေးအားပြင်ဆင်ထားခိုင်းပုံရနေသည်
ပင်ဖြစ်လေသည်။

ဒီရက်များအတွင်း ဒေါက်တာအိုက်ကို
ဟယ်ကျစ်ရှုသည်အထပ်ထပ်အခါခါ
ဖုန်းတွေဆက်နေခဲ့သော်လည်း
မည်သည့်အကြောင်းကြောင့်ရယ်မသိ
ဒေါက်တာအိုက်မှ သူ့ဖုန်းအားလုံးဝပင်ဖြေဆိုခြင်းလဲမရှိခဲ့သလို ဖုန်းပြန်ခေါ်ခြင်းသည်လည်းရှိမလာခဲ့သည်မို့ကျစ်ရှု၏ ဘဝလေးသည် အလွန်ပင်တိတ်ဆိတ်ငြိမ်သက်လျက် အထီးကျန်နေခဲ့ရသည်။ဟယ်ကျစ်ရှုသည် ဒေါက်တာအိုက်ကို ညစာစားဖို့အတွက် ထပ်ပြောရန်ဖြစ်သည်။ ကျန်းဝမ်ရွီကလည်း သူ့ဆီကို ဒီရက်များတွင်ဖုန်းမခေါ်ခဲ့သော်လည်း ညဖက်ရောက်ချိန်တွင်တော့
မက်ဆေ့များပို့ထားတတ်ခဲ့သည်။

နောက်လေးငါးရက်ခန့်အကြာတွင်
ဟယ်ကျစ်ရှုသည်အိမ်မှထွက်ခဲ့ပြီး သူသည်
အစားစားချင်စိတ်လုံးဝမရှိသော်လည်း သစ်သီးနှင့်ဟင်းသီးဟင်းရွက်အချို့အား ဝယ်ဖို့လိုအပ်သောကြောင့်ဖြစ်သည်။သူထွက်လာချိန်တွင်အပြင်ဖက်၌နှင်းပွင့်များပင်ကျဆင်းနေလျက် လေတို့ကတိုက်ခတ်နေကြချိန်ဖြစ်သည်။ ကျစ်ရှုသည်လည်ပင်းတွင် ပဝါလေးအား တင်းတင်းပတ်ကာထွက်လာခဲ့ပြီး လိုအပ်သည့် ပစ္စည်းများကို ဝယ်ပြီးနောက် အိမ်သို့တတ်နိုင်သမျှ မြန်မြန်ပြန်ဖို့သာစိတ်လောနေခဲ့လေသည်။

ခေါင်းထဲ၌ အတွေးပေါင်းစုံတွေးလာရင်း
လမ်းလျှောက်နေစဉ် လမ်းမပေါ်ရှိ
ရေခဲနေသောရေအိုင်နက်နက်တစ်ခုအား သတိမထားမိဘဲခြေထောက်လှမ်းလိုက်ချိန်တွင် ထိုရေအိုင်ငယ်သည်အက်ကွဲကာ ခြေထောက်ကျွံသွားခဲ့သည်။ဆီးနှင်းများကျနေသောလမ်းမဖြစ်သော ကြောင့်လမ်းပြင်မှာချောနေလျက်ရှိနေခဲ့လျက်ရှိနေသည်။ကျစ်ရှုသည် ခြေထောက်အရှိန်အား
ထိန်းလိုက်ချိန်တွင်မူမမှီတော့ဘဲ ထိုနေရာမှာပင်ပြင်းထန်သောအရှိန်ဖြင့်ချော်လဲကာ ဒူးခေါင်းတို့ပင်အနည်းငယ်ပွန်းပဲ့သွားခဲ့
လေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now